A d v e r t i s e m e n t With Us

ချဲလ်ဆီးထက် ရီးရဲလ်က ပိုအဆင့်မြင့်သည့်အသင်းဖြစ်ဟု ကော့တွိုက်စ်ပြော

ရီးရဲလ်မက်ဒရစ်အသင်းဟာ ချဲလ်ဆီးအသင်းထက် ပိုပြီး အဆင့်မြင့်တဲ့အသင်း ဖြစ်တယ်လို့ ဂိုးသမား ကော့တွိုက်စ်က ပြောကြားလိုက်ပါတယ်။ ကော့တွိုက်စ်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကမှ ချဲလ်ဆီးကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။ လေ့ကျင့်မှုအခြေအနေကို ကြည့်မယ်ဆိုရင် ရီးရဲလ်အသင်းရဲ့ အဆင့်အတန်းကို တွေ့မြင်ရမှာဖြစ်ပြီး နောက်ခံလူ ရာမို့စ်ဟာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ ဖြစ်တယ်လို့လည်း ကော့တွိုက်စ်က ပြောကြားခဲ့ပါတယ်။ ကော့တွိုက်စ်ဟာ ချဲလ်ဆီးအသင်းကနေ အဆင်မပြေမှုတွေနဲ့ ထွက်ခွာလာသူဖြစ်ပြီး ချဲလ်ဆီးပရိသတ်တွေနဲ့လည်း လူမူကွန်ရက် စာမျက်နှာတွေမှာ အပြန်အလှန် အချင်းများမှုတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့လပိုင်းကလည်း ရီးရဲလ်အသင်းကို ဟာဇက် ပြောင်းရွှေ့လာဖို့ တိုက်တွန်းခဲ့ပါတယ်။ ဘယ်လ်ဂျီယံဂိုးသမား ကော့တွိုက်စ်ဟာ ရီးရဲလ်အသင်းမှာ တပွဲပဲ ပွဲထွက်ကစားရသေးပြီး နည်းပြ လာပတ်တီဂူက နာဗက်စ်ကိုပဲ ပထမဦးစားပေး ဂိုးသမားအဖြစ် ပွဲထွက်ခွင့် ပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up