Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေး ကျင်းပ
Aung Ko Latt
·
September 5, 2018
ဌာန/အဖွဲ့အစည်းတွေရဲ့ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေ လွှဲပြောင်းသုံးစွဲတာနဲ့ ပတ်သက်လို့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေးကို စက်တင်ဘာ ၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အရေးပေါ်အစည်းအဝေးလုပ်ရတာက ၂၀၁၈ ခုနှစ်၊ ဧပြီကနေ စက်တင်ဘာလအထိ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေမှာ ပါဝင်တဲ့ ဌာန/အဖွဲ့အစည်းတွေရဲ့ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေ လွှဲပြောင်း သုံးစွဲတာ၊ အထွေထွေပိုလျှံရန်ပုံငွေ လွှဲပြောင်းသုံးစွဲတာနဲ့ပတ်သက်ပြီး ပြုလုပ်တာလို့ အစည်းအဝေးတက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ဘဏ္ဍာငွေလွှဲပြောင်းတာနဲ့ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ဝင် စီမံ/ဘဏ္ဍာဝန်ကြီးက ၂၀၁၈ ခုနှစ်၊ ဧပြီကနေ စက်တင်ဘာလအထိ အဖွဲ့အစည်း ၃ ခု ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေ ၃၄.၀၆၅ ကျပ်သန်း၊ အဖွဲ့အစည်း ၁ ခု အထွေထွေပိုလျှံရန်ပုံငွေ ကျပ်သန်း ၁၀.၅၀၀ သန်း စုစုပေါင်း ၄၄.၅၆၅ ကျပ်သန်း၊ တိုင်းပိုလျှံရန်ပုံငွေမှ အဖွဲ့အစည်း ၅ ခုအတွက် ၇၈၄.၄၄၀ ကျပ်သန်းတို့နဲ့ ပတ်သက်လို့ အသေးစိတ်ကို လွှတ်တော်ကိုတင်သွင်းခဲ့ပြီး လာမယ့် ၇ ရက်နေ့မှာ ပြန်လည်ဆွေးနွေးမှာဖြစ်ပါတယ်။ အရေးပေါ်အစည်းအဝေးကို လွှတ်တော်ကို တက်ရောက်ခွင့်ရှိသူ ၁၀၀ ဦးရှိတဲ့အထဲက ၉၆ ဦး တက်ရောက်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024