ရိုးရိုးယဉ်ယဉ်နဲ့ သင်ဇာဝင့်ကျော်ရဲ့ တမူထူးခြားအလှပုံရိပ်များ (ဓာတ်ပုံ)
DVB
·
September 5, 2018
ထူးခြားတဲ့ ဓာတ်ပုံတွေနဲ့ ပရိသတ်တွေကို ဖမ်းစားတတ်တဲ့ သရုပ်ဆောင်မင်းသမီး သင်ဇာဝင့်ကျော်ဟာ ဒီတခါတော့ ရိုးရိုးယဉ်ယဉ်နဲ့ လှပနေတဲ့ သူ့ရဲ့ အလှဓာတ်ပုံတွေကို မျှဝေလိုက်ပြန်ပါတယ်။
ဒီဓာတ်ပုံတွေကိုတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာ ပေါ်မှတဆင့် ယမန်နေ့မနက်ပိုင်းက မျှဝေထားခဲ့တာဖြစ်ပါတယ်။
လှပတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးဟာ ခန္ဓာကိုယ်အလှ ကောက်ကြောင်းတွေကို ပေါ်လွင်စေတဲ့ ဓာတ်ပုံတွေတင်လေ့ရှိပြီး ပရိသတ်ရဲ့ စိတ်ဝင် စားမှုတွေ ရရှိထားသူပါ။
သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ပရိသတ် ၈ သိန်းနီးပါးရှိနေပြီး အခုလက်ရှိမျှဝေထားတဲ့ ပုံရိပ်တွေထဲမှာတော့ မြန်မာဆန်ဆန် ယဉ် ယဉ်လေးလှပနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။