သင်္ဘောနှင့်လှေများပါ် ခိုးဆိုးလုယက်သည့်အဖွဲ့များကို ဖမ်းဆီးသွားမည်ဟု ရဲမှူးချုပ်ပြော

ရန်ကုန်မြစ်အတွင်း ညအိပ်ရပ်နားထားတဲ့ သင်္ဘောတွေ၊ လှေတွေပေါ် ခိုးဆိုးလုယက်နေတဲ့ အဖွဲ့တွေနဲ့ သူတို့နဲ့ ချိတ်ဆက်နေတဲ့ လူတွေကို ထပ်မံဖော်ထုတ်ဖမ်းဆီးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ၀င်းနိုင်က ပြောပါတယ်။ စက်တင်ဘာ ၃ ရက်နေ့က တွံတေးတူးမြောင်းအတွင်း ရပ်နားထားတဲ့ ရေယာဉ်ပေါ် တက်ရောက်လုယက်သူတွေကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖမ်းဆီးရာမှာ ဓားနဲ့ပြန်လည်ခုခံခဲ့တာကြောင့် ဒုရဲအုပ် ဇော်မင်းထိုက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆိပ်ကြီးခနောင်တိုဆေးရုံမှာ ဆေးကုသမှုခံယူနေတာဖြစ်ပါတယ်။ ဓားနဲ့ဝင်ခုတ်သူ ၂ ဦးမှာ ၁ ဦးက သေနတ်ထိမှန်ပြီး စက်လှေပေါ် ပြုတ်ကျသေဆုံးကာ နောက် ၁ ဦးက ရေထဲခုန်ချထွက်ပြေးသွားတာဖြစ်ပါတယ်။ ဓားနဲ့အထိုးခံရတဲ့ ဒုရဲအုပ်ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တိုင်းမှူးက ဒီကနေ့သွားရောက်ကြည့်ရှုပြီး ထောက်ပံ့ငွေ ပေးအပ်ခဲ့ပါတယ်။      

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up