Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမှတ် ၃၊ ၄ အမြန်ရထားများ ပြန်ပြေးဆွဲ
DVB
·
September 3, 2018
စက်တင်ဘာ ၂ ရက်နေ့ကစလို့ ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ အမှတ် ၃ နဲ့ ၄ အမြန်ရထားတွေ ပြန်ပြေးဆွဲနေပြီး ရထားတချို့ အချိန်ပြောင်းမယ်လို့ မြန်မာ့မီးရထားက ကြေညာပါတယ်။ အမှတ် ၃ အဆန်အမြန်ရထားဟာ ရန်ကုန်ဘူတာကြီးက ည ၁၀ နာရီမှာ ထွက်ခွာပြီး မနက် ၆ နာရီမှာ ရေတာရှည်ကို ရောက်မှာဖြစ်ပါတယ်။ အဲဒီမှာ တပ်မတော်က အကူအညီပေးနေတဲ့ ဘတ်စ်ကားတွေနဲ့ ဆွာဘူတာကို သွားပြီး မနက် ၈ နာရီမှာ ဆွာဘူတာကထွက်လို့ မန္တလေးကို ညနေ ၄ နာရီ ရောက်မှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ အမှတ် ၄ အစုန်အမြန်ရထားဟာလည်း မန္တလေးက ည ၁၀ နာရီမှာထွက်ပြီး ဆွာကို မနက် ၆ နာရီရောက်ရင် ကားပြောင်းစီးပြီး ရေတာရှည်ကနေ မနက် ၈ နာရီ ပြန်ထွက်မှာဖြစ်လို့ ရန်ကုန်ကို ညနေ ၄ နာရီ ရောက်မှာပါ။ ပြီးတော့ ရန်ကုန်-တောင်ငူကြား ပြေးဆွဲနေတဲ့ အဆန်အထူးရထားဟာ ရန်ကုန်က ညနေ ၃ နာရီမှာ အချိန်ပြောင်းထွက်မှာဖြစ်ပြီး တောင်ငူကို ည ၉ နာရီ ၁၅ မိနစ်မှာ ရောက်မယ်လို့ ဆိုပါတယ်။ အစုန်အထူးရထားကိုလည်း စက်တင်ဘာ ၃ ရက်ကစလို့ တောင်ငူကနေ ည ၁၀ နာရီခွဲမှာ အချိန်ပြောင်းထွက်ခွာပြီး ရန်ကုန်ကို မနက် ၅ နာရီ ရောက်မယ်လို့ ဆိုပါတယ်။ အစုန်/အဆန်အထူးရထား ရပ်တန့်ပေးမယ့် ဘူတာတွေကတော့ ရန်ကုန်နဲ့ တောင်ငူကြားက တိုးကြောင်ကလေး၊ ပဲခူး၊ ဒိုက်ဦး၊ ပြွန်တန်ဆာ၊ ညောင်လေးပင်၊ ပိန်းဇလုတ်၊ ကျောက်တံခါး၊ ပဲနွယ်ကုန်း၊ ကညွတ်ကွင်း၊ ဖြူးနဲ့ ဇေယျဝတီဘူတာတွေ ဖြစ်တယ်လို့ ကြေညာထားပါတယ်။ သြဂုတ် ၃၁ ရက်ကစပြီး ပြေးဆွဲတဲ့ ရန်ကုန်-မန္တလေး အမှတ် ၁၁ အဆန်/၁၂ အစုန် အမြန်ရထားတွေနဲ့ ပျဉ်းမနား-မန္တလေးကြား ပြေးဆွဲနေတဲ့ အစုန်/အဆန် အထူးရထားတွေ ကိုလည်း အရင်အတိုင်း ဆက်ပြီး ပြေးဆွဲပေးမယ်လို့လည်း ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024