Home
မြန်မာသတင်း
မန္တ​လေးတွင် လုံခြုံ​ရေး​အင်​အား တိုးမြှင့်ချထား
DVB
·
September 3, 2018
40773629_165577857666047_1120444258994618368_n
40760698_165577790999387_5013329365421785088_n
40684707_165577957666037_156221506882371584_n
40647353_165577994332700_1617091440762945536_n
40642810_165577774332722_2066374792637841408_n
40638083_165577687666064_6864317655608721408_n
40621252_165577824332717_8277703577820987392_n
40603734_165577654332734_4829306152980316160_n
40594063_165577720999394_1126695364850614272_n
မန္တလေးမြို့​တော်​ လုံခြုံ​ရေးအတွက်​ ​​စက်​တင်​ဘာ ၃ ရက်​​နေ့ညက စတင်​ပြီး အင်​အားတိုးမြှင့် ချသွားမယ်​လို့ ခရိုင်​ရဲတပ်​ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုး​အောင်​က ​ပြောပါတယ်။ လုံခြုံ​ရေးအတွက်​ ရဲအင်​အား ၆၅ ဦး ထပ်​မံအင်​အားဖြည့်ထားပြီး လှုပ်​ရှားရဲကင်း​တွေမှာ ထပ်​ထည့်သွားမယ်​လို့ ခရိုင်​ရဲတပ်​ဖွဲ့မှူး ဒုရဲမှူးကြီးမျိုး​အောင်​က ​ပြောပါတယ်။ မန္တ​လေးမှာ ဇွန်​ ၂၅ ရက်​ကစတင်​ပြီး ဒုစရိုက်​ကျဆင်း​ရေးနဲ့ မူးယစ်​​ဆေးဝါး တားဆီးနှိမ်​နင်း​ရေး အထူးစီမံချက်​အဖြစ်​ သိန်းငှက်​စစ်​​ဆေး​ရေးကို လှုပ်ရှားရဲကင်း​ပေါင်း ၃၀ ဝန်းကျင်နဲ့ ​ဆောင်​ရွက်​​နေတာ ဖြစ်ပါတယ်​။ မန္တ​လေးခရိုင်​အတွင်းရှိ ၇ မြို့နယ်​​တွေမှာ တမြို့နယ်​ကို လှုပ်ရှားရဲအင်​အား ၁၀၀ နှုန်း၊ စုစု​ပေါင်း ရဲအင်​အား ၇၀၀ ​ကျော်​နဲ့ လုံခြုံ​ရေးကို လက်ရှိ​​ဆောင်​ရွက်​​နေ​တယ်လို့ ခရိုင်​တပ်​ဖွဲ့မှူးက​ ပြောပါတယ်​။ မန္တ​လေးမြို့လယ်​​ခေါင်​မှာ အခုရက်​ပိုင်းအတွင်း လည်​ပင်းကို ဓားနဲ့လှီးပြီး ဆိုင်​ကယ်​လုယက်​မှု၊ အုပ်​စုဖွဲ့ပြီး ဓားနဲ့ခုတ်​မှုတွေ ဖြစ်​​ပေါ်​​နေပြီး ပြည်​သူ​တွေအေ​နနဲ့ ထိတ်​လန့်​မှု​​တွေ ဖြစ်​ပေါ်​နေတာကြောင့် ရဲတပ်​ဖွဲ့ရဲ့ လုံခြုံ​ရေး​ဆောင်​ရွက်​မှုတွေ ​ဝေဖန်​​နေတဲ့အတွက်​ အခုလို အင်​အားတိုးချဲ့ရတာလို့ ဆိုပါတယ်။ သတင်းနှင့်ဓာတ်ပုံ - အောင်အောင်နိုင်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024