Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် ၂ ဦးကို ပြန်လွှတ်ပေးရန် အမေရိကန်သံရုံးတောင်းဆို
DVB
·
September 3, 2018
ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ သူ့အလုပ်သူလုပ်နေတဲ့  သတင်းထောက်တွေကို တရားစွဲဆိုတာ ရပ်တန့်ဖို့ အမေရိကန်သံရုံးက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ရိုက်တာသတင်းတောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဒီကနေ့  ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်အပြီး အမေရိကန်သံရုံးက အခုလို ထုတ်ပြန် တောင်းဆိုလိုက်တာပါ။ ရိုက်တာသတင်းထောက်နှစ်ကို ပြစ်ဒဏ်ချမှတ်လိုက်တာဟာ ဒီမိုကရေစီနည်းကျ လွတ်လပ်မှုကို ရှေ့တိုးဆောင်ရွက်ရန်ချမှတ်ထားတဲ့ မြန်မာအစိုးရရဲ့ ရည်မှန်းချက်ကို နှောင့်နှေးကြန့်ကြာစေတဲ့ အဓိကအချက်ဖြစ်တယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။ အမေရိကန်သံရုံးက သူတို့ နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ချမှတ်လိုက်တာဟာ မြန်မာနိုင်ငံအတွင်း စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီလမ်းကြောင်းဆီ အသွင်ကူးပြောင်းရေးကို အားပေးထောက်ခံသူအနေနဲ့ အလွန်အမင်း စိတ်သောက ရောက်စရာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။ အခုအမှုရဲ့ သိသာထင်ရှားတဲ့ ချွတ်ယွင်းချက်တွေက မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာ တရားစီရင်ရေးနှင့်ပတ်သက်ပြီး အလွန်အမင်းစိုးရိမ်ဖွယ် ရာဖြစ်စေသလို ဒီမိုကရေစီနည်းကျလွတ်လပ်မှုကို ရှေ့တိုးဆောင်ရွက်ဖို့ ချမှတ်ထားတဲ့  မြန်မာအစိုးရရဲ့ ရည်မှန်းချက်ကို နှောင့်နှေးကြန့်ကြာစေကြောင်းလည်း ထောက်ပြထားပါတယ်။ အလားတူ ရိုက်တာသတင်းထောက် ၂ ဦးဖြစ်တဲ့ ၀ လုံးနဲ့ ကျော်စိုးဦးတို့ကို ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးက မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းနဲ့ ပတ်သက်ပြီး ၀မ်းနည်းစရာကောင်းတဲ့ နေ့တနေ့အဖြစ် သတင်းထုတ်ပြန်လိုက်ပါတယ်။ နယ်သာလန်သံရုံးအနေနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အခြေခံကျတဲ့ ဒီမိုကရေစီ ထောက်တိုင်တခုအဖြစ် ရှုမြင်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် အဓိကကျတဲ့ အခန်းကဏ္ဍ တစိတ်တပိုင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024