DVB Logo
Home
မြန်မာသတင်း
သတင်းလွတ်လပ်ခွင့် လှုပ်ရှားမှု စတင်
DVB
·
August 4, 2012
သတင်းလွတ်လပ်ခွင့် လှုပ်ရှားမှု စတင်
Donate to DVB

သတင်းလွတ်လပ်ခွင့်အတွက် လှုပ်ရှားမှုများကို သတင်းလွတ်လပ်ခွင့် ကော်မတီ (ယာယီ)က ဒီနေ့ စတင်ပြုလုပ်တယ်လို့ ဆိုပါတယ်။

ဒီကနေ့ သတင်းမီဒီယာအသီးသီးက သတင်းသမားတွေ စုပေါင်းပြီး “မီယာဖိနှိပ်မှု ချက်ချင်းရပ်၊ Stop Killing Press” စာတန်းပါ တီရှပ်အနက်ရောင်များကို ၀တ်ဆင်ပြီးတော့ ရန်ကုန်မှာ  ပြုလုပ်နေတဲ့ အခမ်းအနား ၅ ခုမှာ သတင်း ရယူကြမှာ ဖြစ်တယ်လို့ မြန်မာစာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ(ယာယီ)က ကိုဇော်သက်ထွေးက ပြောပါတယ်။

အခမ်းအနား တက်ရောက်သတင်းယူတာတွေ အပါအ၀င် မီဒီယာ လွတ်လပ်ခွင့်အတွက် နိုင်ငံတော် သမ္မတထံပေးပို့မယ့် စာမှာလည်း ၀ိုင်းဝန်း လတ်မှတ်ရေးထိုးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“အဓိကက ကျနော်တို့ စာပေ စာနယ်ဇင်းတွေမှာ ခေတ်နောက်ပြန်ဆွဲတဲ့ ဥပဒေတွေကို ပယ်ဖျက်ပေးဖို့နဲ့၊ စာပေ စာနယ်ဇင်းတွေကို အာမခံနိုင်တဲ့ မီဒီယာဥပဒေပေါ်ပေါက်ဖို့ လိုအပ်ကြောင်းကို နိုင်ငံတော် သမ္မတဆီကို တင်သွင်းတဲ့ စာနဲ့အတူ မီဒီယာလောကမှာရှိတဲ့ ဂျာနယ်လစ်တွေရဲ့ လက်မှတ်နဲ့အတူ ပူးတွဲပေးပို့ဖို့ စုဆောင်းနေတာ ဖြစ်ပါတယ်။ တခြား ရည်ရွယ်ချက်လည်း မပါဘူး။ အဓိကက သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌဆီကို မီဒီယာသမားတွေရဲ့ ဆန္ဒတွေ၊ တိုက်တွန်း တောင်းဆိုချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ဖို့ လုပ်တဲ့ ရည်ရွယ်ချက် တခုပဲ ရှိပါတယ်။ တခြား ဆူပူမှုဖြစ်အောင်၊ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် ဆိုတဲ့ ရည်ရွယ်ချက်တွေမပါဘဲ လုပ်တာဖြစ်တဲ့အကြောင်း ရှင်းရှင်းလင်းလင်း ပြောပြချင်ပါတယ်။”

ဘားလမ်း စီးတီးစတားဟိုတယ်မှာ ကျင်းပတဲ့ တာရာမင်းဝေ အမှတ်တရ ကဗျာရွတ်ပွဲ၊ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမက ဆရာဖေမြင့်စာပေဟောပြောပွဲ၊ Orchid ဟိုတယ် မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်း အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲ၊ ကာတွန်းစိုးသော်တာ စာအုပ် မိတ်ဆက်ပွဲနဲ့ ၃၂ လမ်း အလယ်ဘလောက်နဲ့ မြေနီကုန်းစင်တာမှာရှိတဲ့ The Voice နဲ့ Envoy ရုံးတွေကို သတင်းသမားတွေက သွားရောက် သတင်းယူရင်း လက်မှတ်တွေလည်း စုဆောင်းကြမှာ ဖြစ်ပါတယ်။

သတင်းဂျာနယ်နှစ်ခုဖြစ်တဲ့ The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက သတ်မှတ်စည်းကမ်း အကြိမ်ကြိမ် ချိုးဖောက်တယ်လို့ဆိုကာ ထုတ်ဝေခွင့် ယာယီရပ်နား လိုက်တယ်လို့  ဇူလိုင် ၃၁ ရက်နေ့က ပြည်တွင်းမီဒီယာတွေကို ခေါ်ယူအသိပေးခဲ့ပါတယ်။

ပြည်တွင်းမီဒီယာတွေဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ကြိုတင်စိစစ်ချက်နဲ့ ထုတ်ဝေနေရဆဲဖြစ်ပြီး အခုလို အရေးယူခဲ့ရမှုတွေ ဖြစ်ပေါ်ပြီးနောက် မီဒီယာလွတ်လပ်ခွင့် လှုပ်ရှားမှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ အစိုးရဌာန အသီးသီးက မီဒီယာများအပေါ် တရားစွဲဆိုမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိပြီးတော့ The Voice Weekly၊ လျှပ်တပြက် ဂျာနယ်တွေကလည်း တရားရင်ဆိုင် နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013