မဒေါက်နှင့်ဘားအံမြို့တို့၏ မြစ်ကမ်းအနီးနေသူများ အထူးသတိပြုနေကြရန် မိုးဇလပြော
DVB
·
September 2, 2018

မဒေါက်မြို့နဲ့ ဘားအံမြို့ တို့ရဲ့ မြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်နေလို့ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက ထုတ်ပြန်ပါတယ်။
မြန်မာစံတော်ချိန် ၁၃း၃၀ နာရီ တိုင်းတာချက်အရ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၄ ပေလောက် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ပေဝက်လောက်ကျဆင်းနိုင်ကာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက် တည်ရှိနိုင်ပါတယ်။
သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၄ ပေလောက် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ပေဝက်လောက်ကျဆင်းနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ပါတယ်။
ဒါကြောင့် မဒေါက်မြို့နဲ့ ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြု နေထိုင်ကြပါဖို့ မိုးဇလက အကြံပြုထားပါတယ်။