ကလေးစစ်သား ၇၅ ဦးကို တပ်မတော်က နုတ်ထွက်ခွင့်ပြု

အရွယ်မရောက်မီ စစ်မှုထမ်းဆောင်နေတဲ့ ကလေးစစ်သား ၇၅ ဦးကို မြန်မာ့တပ်မတော် က နုတ်ထွက်ခွင့်ပြုပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ကုလသမဂ္ဂက သြဂုတ်လ ၃၁ ရက်မှာ ပြောပါတယ်။ အခုလို နုတ်ထွက်ခွင့်ပြုတာဟာ တပ်မတော်အတွင်း ကလေးသူငယ်အသုံးပြုမှုနဲ့ စုဆောင်းမှုကို ကာကွယ်ဖို့နဲ့ အဆုံးသတ်ရေး အစိုးရရဲ့အားထုတ်မှုမှာ တိုးတက်မှုတခုဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။ အခုတကြိမ်  ကလေးစစ်သားတွေကို နုတ်ထွက်ခွင့်ပြုတာဟာ  ၂၀၁၈ ခုနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ မြန်မာအစိုးရတို့ ၂၀၁၂ ခုနှစ်၊ ဇွန်လမှာ  လက်မှတ်ရေးထိုးခဲ့တဲ့ ကလေးစစ်သားများအရေး ပူးတွဲလုပ်ဆောင်မှု အစီအစဉ်အရ အသက်မပြည့်ဘဲ စစ်သားအဖြစ်စုဆောင်းခံခဲ့ရသူ ၉၂၄ ဦးကို တပ်မတော်က နုတ်ထွက်ခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာ ညှိနှိုင်းရေးမှူးနဲ့ ယူနီဆက်ဖ် ကိုယ်စားလှယ်တို့က ပူးတွဲ သတင်းထုတ်ပြန်ပါတယ်။ ဓာတ်ပုံ - ရိုက်တာ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up