Home
မြန်မာသတင်း
မြန်မာ့ပင်လယ်ပြင်တွင် တွေ့သည့်သင်္ဘော တွဲဆွဲကြိုးပြတ်၍ မျောလာခြင်းဖြစ်
DVB
·
September 1, 2018
လူအများ စိတ်ဝင်စားနေတဲ့  မြန်မာ့ပင်လယ်ပြင်မှာ တွေ့ရှိခဲ့တဲ့ ကုန်တင်ရေယာဉ် ၁ စီးဟာ ရာသီဥတုဆိုးရွားမှုကြောင့် တွဲဆွဲကြိုးအချို့ပြတ်တောက်ကာ ရေစီးကြောင်းနဲ့အတူ မြောပါလာခဲ့ပြီး ဆက်သွားဖို့ အခက်အခဲရှိလို့ ထားရှိခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ အသေးစိတ်ကို တာဝန်ရှိသူတွေက စစ်ဆေးနေတယ်လို့ ဆိုထားပါတယ်။ တပ်မတော် (ရေ) ကမ်းရိုးတန်းစောင့်ကြည့်ရေဒါမှတ်တမ်း စစ်ဆေးချက်အရ သြဂုတ် ၂၆ ရက်နဲ့ ၂၇ ရက်တို့မှာ ရန်ကုန်မြစ်ဝနဲ့ စစ်တောင်းမြစ်ဝအကြား နေရာတ၀ိုက်မှာ ရေယာဉ် ၂ စီးရဲ့ သံသယဖြစ်ဖွယ် လှုပ်ရှားမှုများ တွေ့ရှိတာကြောင့်  မြန်မာ့ပင်လယ်ပြင်အတွင်း စစ်ရေယာဉ်တွေနဲ့ ပိုက်စိပ်တိုက် ရှာဖွေခဲ့ရာမှာ မသင်္ကာဖွယ်ယာဉ်ကို တွေ့ရှိခဲ့တာပါ။ အဲဒီယာဉ်ဟာ မြန်မာ့ကမ်းရိုးတန်းနဲ့ မိုင် ၅၀ လောက်အကွာ ပင်လယ်ပြင်အတွင်း တဖက်နိုင်ငံရေပြင်ကို ဦးတည်ခုတ်မောင်းနေတဲ့ Independence အမည်ရှိ ပင်လယ်သွား တွဲဆွဲရေယာဉ်ဖြစ်ပါတယ်။ ပိုင်ရှင်ဟာ မလေးရှားနိုင်ငံက ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံသား အမှုထမ်း ၁၃ ဦးနဲ့ စစ်တောင်းမြစ်ဝအနီး သောင်တင်ခဲ့တဲ့ ကုန်တင်ရေယာဉ်ကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ သင်္ဘောဖျက်စက်ရုံကို ပို့ဆောင်ဖို့ တွဲခေါ်လာတာလို့ တပ်မတော်သတင်းထုတ်ပြန်မှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024