မန်ယူအသင်းအကြောင်း မြန်မာနိုင်ငံအခြေအနေနှင့် နှိုင်းယှဉ်ပြီး မော်ရင်ဟို ဖြေဆို

ဓာတ်ပုံ - Getty
မန်ချက်စတာယူနိုက်တက်အသင်း လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နည်းပြ မော်ရင်ဟိုက သတင်းထောက်တွေကို ဖြေကြားရာမှာ မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေ၊ အခက်အခဲတွေနဲ့ နှိုင်းယှဉ်ပြီး ဖြေကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်ညက ပရီးမီးယားလိဂ် ပွဲစဉ် ၃ လက်ကျန်ပွဲအဖြစ် မန်ယူနဲ့ စပါးတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ စပါးက ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ခုလိုဖြေခဲ့တာပါ။ “ဒီပွဲမတိုင်ခင်မှာ သတင်းတွေဖတ်ဖြစ်ခဲ့ရင် တွေ့ရမှာပါ။ မန်ယူအသင်းက လက်ရှိ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ မဟုတ်ပါဘူး၊ သတင်းတွေကို ကြည့်လိုက်ရင် မြန်မာနိုင်ငံအကြောင်းပဲ တွေ့ရပါလိမ့်မယ်။ အဲဒါကမှ တကယ့်ခက်ခဲတဲ့ အချိန်ကာလပဲဗျ။” အခုရှုံးပွဲဟာ မော်ရင်ဟိုအတွက် သူ့ရဲ့ နည်းပြသက်တမ်းတလျှောက် အကြီးမားဆုံး အိမ်ကွင်းရှုံးပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။ ဒါ့အပြင် မန်ယူအသင်းအတွက်လည်း ၁၉၉၂-၉၃ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် အဖွင့် ၃ ပွဲမှာ ၂ ပွဲရှုံးနိမ့်ခဲ့တာလည်းဖြစ်ပြီး အမှတ်ပေးဇယားမှာလည်း အဆင့် ၁၃ နေရာအထိ ရောက်ရှိသွားပါတယ်။ မန်ယူအသင်းဟာ လာမယ့် တနင်္ဂနွေနေ့ ဘန်လေကွင်းမှာ ကစားမယ့်ပွဲစဉ်မှာ ထပ်ရှုံးခဲ့မယ်ဆိုရင် နည်းပြ မော်ရင်ဟို ရာထူးကနေ ထုတ်ပယ်ခံရတော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up