အိုဇေးလ်ကို ဂျာမန်ဘောလုံးအဖွဲ့ချုပ် လူမျိုးရေးခွဲခြားမှု မလုပ်ခဲ့ဟု နည်းပြပြော

ဂျာမန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ကွင်းလယ်ကစားသမား အိုဇေးလ်ကို လူမျိုးရေးခွဲခြားမှု မလုပ်ခဲ့ဘူးလို့ ဂျာမနီနည်းပြ ဂျိုအာချင်လိုးက ပြောကြားလိုက်ပါတယ်။ အိုဇေးလ်ဟာ ကမ္ဘာ့ဖလားမတိုင်ခင်က တူရကီသမ္မတ အာဒိုဂန်နဲ့ ဓာတ်ပုံအတူတွဲရိုက်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ အိုဇေးလ်နဲ့အတူ ဂျာမန်အသင်းဖော် ဂန်ဒိုဂန်နဲ့ တူရကီတိုက်စစ်မှူး တိုဆန်လည်း ပါဝင်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပရိသတ်အများအပြားနဲ့ ဘိုင်ယန်မြူးနစ်အသင်း ဥက္ကဋ္ဌက အတိအလင်း ဝေဖန်ခဲ့တာကြောင့် မိမိကို လေးစားမှုမရှိတဲ့အတွက် လက်ရွေးစင်အသင်းကနေ အနားယူပြီဖြစ်တယ်လို့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အိုဇေးလ်က ပြောကြားခဲ့တာပါ။ လက်ရွေးစင်ကနေ အနားယူခဲ့တာနဲ့ ပတ်သက်ပြီး အိုဇေးလ်ရဲ့ အကြံပေးဖြစ်သူက မိမိကို ဆက်သွယ်ပြောဆိုပေမယ့် အိုဇေးလ်ကိုယ်တိုင်တော့ မိမိကို ဘာမှမပြောခဲ့ဘူးလို့ နည်းပြ ဂျိုအာချင်လိုးက ဆိုပါတယ်။ ဂျာမန်အသင်းမှာ တခြားမျိုးနွယ်စုမတူတဲ့နိုင်ငံက ကစားသမားတွေလည်း ရှိခဲ့ပြီး အိုဇေးလ်ကိုလည်း ခွဲခြားဆက်ဆံတာ မရှိခဲ့ဘူးလို့ နည်းပြ ဂျိုအာချင်လိုးက ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up