အစိုးရရန်ပုံငွေ အလွဲသုံးစားပြုမှုဖြင့် မလေးရှားထောက်လှမ်းရေးဟောင်း ၈ ဦးကို စစ်ဆေး

ဓာတ်ပုံ - Reuters
အစိုးရရန်ပုံငွေတွေကို လွဲမှားစွာသုံးစွဲမှုနဲ့ မသင်္ကာတာကြောင့် မလေးရှား ပြည်ပထောက်လှမ်းရေးအဖွဲ့က ထောက်လှမ်းရေးဟောင်း ၈ ဦးကို စုံစမ်းစစ်ဆေးနေတယ်လို့ မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကြီးတန်းအရာရှိတဦးက သြဂုတ် ၃၀ ရက်မှာ ပြောပါတယ်။ မလေးရှား ပြည်ပထောက်လှမ်းရေးရုံးက ထောက်လှမ်းရေးဟောင်း ၈ ဦးကို အစိုးရရန်ပုံငွေ ၁၂ သန်းနီးပါး အလွဲသုံးစားပြုမှုနဲ့ မသင်္ကာပြီး အခုတပတ် အစောပိုင်းကတည်းက ဖမ်းဆီးထားတာလို့ မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဒုတိယမဟာမင်းကြီး အဇမ်ဘာကီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီငွေတွေကို တခြားတနိုင်ငံကနေတဆင့် မလေးရှားနိုင်ငံထဲ ပြန်သွင်းလာပြီးပြီလို့ ယူဆရကြောင်း ဒုတိယမဟာမင်းကြီး အဇမ်ဘာကီက ပြောထားပေမယ့် ဘယ်နိုင်ငံဖြစ်တယ် ဆိုတာကိုတော့ ပြောဖို့ ငြင်းဆိုထားပါတယ်။ လက်ရှိဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ဟာ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရတဲ့ နိုင်ငံပိုင်ရန်ပုံငွေ အဂတိလိုက်စားမှု အရှုပ်တော်ပုံကို စုံစမ်းစစ်ဆေးတာတွေ တိုးလုပ်နေပါတယ်။ အခုလို ထောက်လှမ်းရေးဟောင်းတွေကို ဖမ်းဆီးမှုဟာ နိုင်ငံပိုင်ငွေတွေ ပြန်ရရေး ကြိုးပမ်းနေတဲ့ ဝန်ကြီးချုပ် မဟာသီယာရဲ့ ကြိုးပမ်းမှုတွေထဲက တစိတ်တပိုင်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up