ထိုင်းအကျဉ်းသားများအတွက် မြန်မာဘက်က ဆေးဝါးတောင်းဆို
DVB
·
August 3, 2012
တနင်္သာရီတိုင်း ကော့သောင်းထောင်မှာ ချုပ်ထားတဲ့ ထိုင်းအကျဉ်းသား ၉၂ ယောက်ထဲက တချို့ နာမကျန်းဖြစ်နေတဲ့အတွက် ဆေးဝါးနဲ့ ကျန်းမာရေး အထောက်အပံ့ပေးဖို့ မြန်မာဘက်က တောင်းဆိုတယ်လို့ ရနောင်းမြို့နယ် နယ်ခြားကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီး ပွန်ဆက် ပူးန်ဆ၀ပ်က ပြောပါတယ်။
ဒီတောင်းဆိုချက်ကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကနေတဆင့် တောင်းခံခဲ့တာပါလို့ ဗိုလ်မှူးကြီး ပွန်ဆက်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် MCOT သတင်းက ရေးပါတယ်။
သွေးတက်ရောဂါ၊ သားဖွားမှုနဲ့ စိတ်ဖိစီးမှုနဲ့ မိသားစုအားပေးကူညီမှုတွေအတွက် နယ်ခြားကော်မတီ ရနောင်းဆေးရုံနဲ့ ပူးတွဲဆောင်ရွက်နေတယ်လို့ သူက ပြောပါတယ်။
ထိန်းသိမ်းထားသူ ထိုင်း ၉၂ ဦးကို ဆွေမျိုးသားချင်းတွေ လာရောက်မတွေ့ခင်မှာ အမည်စာရင်းပေးဖို့ မြန်မာအာဏာပိုင်တွေက ထိုင်းအာဏာပိုင်တွေထံက တောင်းဆိုထားပါတယ်။
ကော့သောင်းခရိုင်တရားရုံးက ထိုင်း ၉၂ ယောက်ကို သစ်တောပျက်စီးစေမှု တရားမ၀င်ဝင်ရောက်မှုတွေနဲ့ ထောင်ဒဏ် ၃နှစ် နဲ့ ၆ လ စီ ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။
မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းနဲ့ ၀တ္တရားနှောင့်ယှက်မှုတွေကို မြန်မာအာဏာပိုင်တွေက စုံစမ်းစစ်ဆေးဖော်ထုတ်နေဆဲဖြစ်ပါတယ်။
ထိုင်းရွာသား ၉၂ ဦးမှာ အမျိုသမီး ၁၀ ဦး ပါဝင်ပါတယ်။ သူတို့တွေဟာ မြန်မာပိုင်နက် နယ်မြေမှာ ရော်ဘာစိုက်ပျိုးရေးလုပ်ဆောင်နေတာကို တွေ့ရှိဖမ်းဆီးရမိတာ ဖြစ်ပါတယ်။