OPPO F9 ကို မြန်မာပြည်ဈေးကွက်တွင် မိတ်ဆက်
DVB
·
August 30, 2018
VOOC အမြန်အားသွင်းစနစ်နဲ့ အရောင်ပြေးမှန်သားပုံစံဒီဇိုင်း ပါဝင်လာတဲ့ OPPO F9 စမတ်ဖုန်းသစ်တမျိုးကို မြန်မာပြည်ဈေးကွက်မှာ ဒီကနေ့ တရားဝင်မိတ်ဆက်လိုက်ပါတယ်။
OPPO အနေနဲ့ သူတို့ရဲ့ F series ထုတ်ကုန်တွေဖြစ်တဲ့ နောက်ဆုံးထွက် OPPO F9 ကိုမိတ်ဆက်ပေးခဲ့ဖြစ်ပြီး ထူးခြားချက်ကတော့ ၅ မိနစ် အားသွင်းရုံနဲ့ ၂ နာရီကြာ ဖုန်းပြောနိုင်မယ့် VOOC (ဗူးခ်) အမြန်အားသွင်းစနစ်နဲ့ မိုဘိုင်းလောကမှာ ပထမဆုံး အရောင်ပြေးကာလာဒီဇိုင်းတွေ ပါဝင်ပါတယ်။
OPPO F9 မှာဆိုရင် Sunrise Red နဲ့ Twilight Blue အရောင်နှစ်မျိုးကို ရွေးချယ် အသုံးပြုနိုင်မှာဖြစ်ပြီး စက်တင်ဘာ ၈ ရက်နေ့မှာတော့ မြန်မာပြည်လုံးက OPPO အရောင်းဆိုင်တွေမျာ ရောင်းချပေးသွားမှာပါ။
OPPO F9 ကို သြဂုတ် ၃၁ ရက်ကနေ စက်တင်ဘာ ၆ ရက်နေ့အတွင်း Pre-order အနေနဲ့ ကြိုတင်မှာယူနိုင်ပြီး စက်တင်ဘာလ ၈ ရက်နေ့မှာ လာရောက်ထုတ်ယူ မယ်ဆိုရင် OPPO အမှတ်တံဆိပ်ပါ ကျောပိုးအိတ်ကို လက်ဆောင်အဖြစ်ရရှိမှာ ဖြစ်ပါတယ်။
သတင်း - ဗညား