အီးယူကာကွယ်ရေးဝန်ကြီးများ ဗီယင်နာမြို့တွင် တွေ့ဆုံ

343
ဥရောပသမဂ္ဂ (အီးယူ) ကာကွယ်ရေးဝန်ကြီးတွေဟာ ဒေသတွင်း ကာကွယ်ရေးကိစ္စတွေကို အလွတ်သဘော ဆွေးနွေးဖို့အတွက် သြဂုတ် ၂၉ ရက်နေ့က သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။
နိုင်ငံအသီးသီးက ရောက်လာတဲ့ ကာကွယ်ရေးဝန်ကြီးတွေကို လက်ရှိ အီးယူ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အိမ်ရှင် သြစတြီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးက လက်ခံကြိုဆိုခဲ့ပါတယ်။
ဒီအစည်းအဝေးအတွင်း ဆင်းရဲနွမ်းပါးတဲ့ ဥရောပအရှေ့တောင်ပိုင်း နိုင်ငံတွေနဲ့ ဘော်လကန် အနောက်ခြမ်းဒေသ အရေးတွေကို အဓိက ဆွေးနွေးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အီးယူဒေသတခုလုံးရဲ့ အနာဂတ်လုံခြုံရေးနဲ့ ကာကွယ်ရေးကိစ္စကိုလည်း အလေးထား ဆွေးနွေးမယ့်အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။