Home
မြန်မာသတင်း
အင်းစိန်နှင့် မန္တလေး အကျဉ်းထောင်၌  လူနာတင်ယာဉ် ၁ စီးစီသာရှိ
DVB
·
August 30, 2018
ရန်ကုန်နဲ့ မန္တလေး အကျဉ်းထောင် နှစ်ခုမှာ လူနာတင်ကား တစီးစီ ရှိတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောပါတယ်။ သြဂုတ် ၃၀ ရက်ကပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာအပေါ် ပြန်လည် ရှင်းလင်းတင်ပြရင်း ဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။ “အကျဉ်းဦးစီးဌာနမှာ ဗဟိုအကျဉ်းထောင် ၃ ခု၊ က အဆင့်အကျဉ်းထောင် ၃၀ ခု၊ ခ အဆင့် အကျဉ်းထောင် ၁၀ ခု၊ အချုပ်ထောင် ၆ ခုနဲ့ အလုပ်စခန်း ၄၈ခု ရှိပြီး အင်းစိန် ဗဟိုအကျဉ်းထောင်နဲ့ မန္တလေး ဗဟိုအကျဉ်းထောင်တို့မှာ လှူဒါန်းထားသော လူနာတင်ယာဉ် တစီးဆီသာ ရှိပြီးတော့ ကျန်ဗဟိုအကျဉ်းထောင် တခုနှင့် က အဆင့် အကျဉ်းထောင် ၃၀ ခုကို ပထမဦးစားပေးအဖြစ်လည်းကောင်း ခ အဆင့်အကျဉ်းထောင် ၁၀ခုနှင့် အချုပ်ထောင် ၆ခုကို ဒုတိယဦးစားပေးအဖြစ်လည်းကောင်း အလုပ်စခန်း ၄၈ ခုကို တတိယဦးစားပေးအဖြစ် လည်းကောင်း ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှာ ထည့်သွင်း တောင်းခံ သွားမှာ ဖြစ်ပါတယ်။” ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေက စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာအပေါ် ဆွေးနွေးရင်း အကျဉ်းထောင်အဆင့်အလိုက် လူနာတင်ယာဉ်တွေ ဖြည့်တင်းပေးနိုင်ရေး စိစစ်ဆောင်ရွက်ရန် ပြောဆိုခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024