တရုတ် ကွမ်တုံပြည်နယ်တွင် သွေးလွန်တုပ်ကွေး ကူးစက်ခံရသူ ၁၀၀ ခန့်ရှိ

ဓာတ်ပုံ - scmp
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်မှာ ဒီနှစ်မိုးရာသီအတွင်း သွေးလွန်တုပ်ကွေးလူနာ ၁၀၀ လောက် တွေ့ရတယ်လို့ ပြည်နယ်ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ တခြားဒေသကတဆင့် ကူးစက်ခံရသူ ၈၂ ဦး အပါအဝင် စုစုပေါင်း ရောဂါကူးစက်ခံရသူ  ၁၀၀ လောက်ရှိတယ်လို့ ကွမ်တုံပြည်နယ် ကျန်းမာရေးနဲ့ မိသားစုစီမံကိန်းကော်မရှင်က ပြောပါတယ်။ ဒါဟာ နှစ်စဉ် ရောဂါကူးစက်မှု ၃၈ ရာခိုင်နှုန်း တိုးလာတာလို့လည်း ကော်မရှင် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရှန်ကျန်းတမြို့တည်းမှာတင် သွေးလွန်တုပ်ကွေး ကူးစက်ခံရသူ ၂၁ ဦးရှိပြီး ဒါဟာ အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ မလေးရှားနိုင်ငံတွေကနေ ကူးစက်ပျံ့နှံ့လာတာဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေး အရာရှိကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up