ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ပေ ၂၀ တံတားတစင်း ကျိုးကျ





1K
ရန်ကုန်-မန္တလေး လမ်းအဟောင်း မိုင်တိုင် ၁၉၉ အနီးရှိ ပေ ၂၀ တံတားဟာ ရေတိုက်စားပြီး ဒီနေ့မနက်ပိုင်းက ကျိုးကျသွားတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မန္တလေးဘက်ခြမ်း ပေ ၃၀ လောက် လမ်းသား ကျိုးကျသွားတာဖြစ်ပြီး ဒီနေ့လယ်ပိုင်းမှာ မော်တော်ကားတွေ ပြန်လည်ဖြတ်သန်းနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေတယ်လို့လည်း ဆောက်လုပ်ရေးသတင်းမှာ ဖော်ပြထားပါတယ်။
Oriental Highway ကုမ္ပဏီ က BOT စနစ်နဲ့ တာဝန်ယူဆောင်ရွက်နေတဲ့အပိုင်းမှာ တံတားကျိုးကျသွားတာဖြစ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြီးကြပ်ပြီး သက်ဆိုင်ရာ BOT ကုမ္ပဏီက ဝန်ထမ်းတွေ၊ တာဝန်ရှိသူတွေ၊ တပ်မတော်သားတွေ ဒေသအာဏာပိုင်တွေ ပူးပေါင်းပြီး အမြန်ပြန်လည်ဆောင်ရွက်နေကြပါတယ်။
ဒီနေ့ညပိုင်းမှာ ကားကြီးတွေ ပြန်လည်ဖြတ်သန်းမောင်းနှင်နိုင်ဖို့ ကြိုးပမ်း လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
Photo : Ministry of Construction