ဗုဒ္ဓ ဖွားမြင်တော်မူသည့် လုမ္ဗနီဥယျာဉ်တော်သို့ သမ္မတ ဦးဝင်းမြင့် သွားရောက် (ဓာတ်ပုံ)
DVB
·
August 30, 2018
နီပေါနိုင်ငံမှာ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီးဒေါ်ချိုချိုတို့ဟာ Bharawa မြို့၊ လုမ္ဗနီဥယျာဉ်တော်အတွင်းရှိ ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူရာ နေရာကို မနေ့က သွားရောက် ဖူးမြော်ကြည်ညိုပါတယ်။
နိုင်ငံတော်သမ္မတနဲ့ ဇနီးတို့ဟာ မယ်တော်မာယာကျောင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးနဲ့ အမွှေးနံ့သာ ကပ်လှူပူဇော်ပြီး မြန်မာရွှေကျောင်းဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြုတဲ့ ဆရာတော် သံဃာတော်တွေကိလည်း လှူဖွယ်ဝတ္ထုပစ္စည်းတွေ ဆက်ကပ်လှူဒါန်းခဲ့တယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-သမ္မတရုံး