DVB Logo
Home
မြန်မာသတင်း
သမ္မတနှင့် ရှမ်းခေါင်းဆောင် ခွန်ထွန်းဦး တွေ့ဆုံမည်
DVB
·
August 2, 2012
သမ္မတနှင့် ရှမ်းခေါင်းဆောင် ခွန်ထွန်းဦး တွေ့ဆုံမည်
Donate to DVB

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ခွန်ထွန်းဦးနဲ့ စိုင်းညွန့်လွင်တို့ အခုရက်ပိုင်းမှာ နိုင်ငံတော် သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ ရှိပြီး အဓိက အချက် သုံးချက်ကို တင်ပြတောင်းဆိုသွားမယ်လို့ ပါတီပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။

အစောပိုင်းက ပြီးခဲ့တဲ့ အင်္ဂါနေ့က တွေ့ဆုံဖို့စီစဉ်ခဲ့ပေမယ့် သမ္မတက  မအားလပ်တဲ့အတွက် အစီအစဉ်ကိုဖျက်ခဲ့ရပါတယ်။ အခု ရုံးပိတ်ရက်တွေမှာ တွေ့ဖို့ရှိတယ်လို့လည်း (အက်စ်အန်အယ်လ်ဒီ) ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဦးခွန်ထွန်းဦးတို့ဟာ သမ္မတနဲ့ တွေ့ဆုံတဲ့အခါ အဓိက အချက် ၃ ချက်ကို ဆွေးနွေးသွားမယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

“နိုင်ငံရပ်ခြားကိုရောက်နေတဲ့ တိုင်းရင်းသားတွေ ပြည်တွင်းကို လွတ်လွတ်လပ်လပ် ၀င်ရောက်ခွင့်ပြုပြီးတော့မှ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းလုပ်တဲ့အခါ လွယ်လွယ်ကူကူလုပ်နိုင်ဖို့။ နိုင်ငံသားမဟုတ်တဲ့သူတွေက သန်းခေါင်စာရင်းမှာပါပြီးတော့မှ တိုင်းရင်းသားစစ်စစ်တွေက သန်းခေါင်စာရင်းမှာမပါဘဲ ကျန်နေခဲ့ရင် နိုင်ငံအတွက်ရော၊ တိုင်းရင်းသားတွေအတွက်ရော အရမ်းနစ်နာတယ်။ ဒါကြောင့် ပြန်ဝင်လာပြီး မှတ်ပုံတင်လုပ်ဖို့ပဲဖြစ်ဖြစ်၊ သန်းခေါင်စာရင်းမှာ နာမည်စာရင်း ပေးသွင်းရင်ပဲဖြစ်ဖြစ် လွယ်လွယ်ကူကူနဲ့ သက်သက်သာသာ ဆောင်ရွက်ပေးနိုင်ဖို့” ကို ပထမအချက်အနေဲ့ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဒုတိယအချက်အနေနဲ့  ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာ အဖွဲ့အစည်း ကြီးသည် ငယ်သည် မခွဲခြားဘဲ အားလုံးကို တန်းတူထားပြီး တချိန်တည်း၊ တပြိုင်တည်း အပစ်အခတ် ရပ်စဲဖို့နဲ့ တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ အပစ်အခတ်ရပ်စဲရေး အချိန်ကာလကို ၁ လဖြစ်ဖြစ်၊ ၃ လဖြစ်ဖြစ် သတ်မှတ်ပေးပြီး အားလုံးကို တန်းတူထားပြီး ဆွေးနွေးဖို့ အကြံပြုသွားမယ်လို့ ပြောပါတယ်။

တတိယအချက်အနေနဲ့ တိုင်းရင်းသားအားလုံး ကိုယ့်ရဲ့ ဘာသာစာပေကို ကျောင်းချိန်အတွင်းမှာပဲ ကိုယ်ကြိုက်ရာ သင်ရိုးညွှန်းတမ်းပြဌာန်းပြီးတော့ လွတ်လွတ်လပ်လပ် သင်ကြားခွင့်ပြုဖို့ တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ရဲ့ သင်ရိုးညွှန်းတမ်းကို မြန်မာဖတ်စာကနေ ဘာသာပြန်ပြီး သင်ဖို့အတွက် ပညာရေးဝန်ကြီး လမ်းညွှန်ထားတာ ရှိတယ်။ ဆရာဆရာမတွေ ဘာသာပြန်ခိုင်းတယ်။ တကယ်တမ်းဘာသာပြန်ကြည့်တော့ အဆင်မပြေကြဘူး။ ဒါကြောင့်မို့လို့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို မပျက်ပြားစေချင်ဘူး။ မထိခိုက်စေချင်ဘူးဆိုရင် ကိုယ်ကြိုက်ရာ ဘာသာ သင်ရိုးညွန်းတမ်းကို လွတ်လွတ်လပ်လပ် ရေးဆွဲပြီး သင်ကြားပေးဖို့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013