DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်အတွင်းရှိ အစိုးရ စစ်ဆင်ရေးတပ်များ ဆုတ်ပေးရန် တောင်းဆို
DVB
·
August 2, 2012
Donate to DVB

ကရင်နီပြည်ငြိမ်းချမ်းရေးအတွက် အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ခက်ခဲနေတဲ့ တပ်ကိစ္စမှာ ကရင်နီပြည်တွင်းက အစိုးရတပ်အားလုံးကို ဆုတ်ပေးဖို့ တောင်းဆိုနေတာ မဟုတ်ဘူးလို့ ကရင်နီတပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က ပြောပါတယ်။

ဒေသတွင်းမှာ စစ်ဆင်ရေးလုပ်နေတဲ့ တပ်မ ၅၅ ခြေမြန်တပ်မ တပ်ရင်းတွေကို ကရင်နီပြည်နယ်ထဲကနေ ဆုတ်ပေးဖို့သာ ကေအန်ပီပီ က တောင်းဆိုနေတာဖြစ်ပြီး ပြည်နယ်ဒေသ ကွပ်ကဲရေးစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းတွေကို ဆုတ်ခွာခိုင်းတာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

ဒီလို တောင်းဆိုချက်ကို မလိုက်လျောရုံတင်မဟုတ်ဘဲ မော်ချီးမှာ အရင်က တပ်ရင်း ၁ ရင်းသာ ရှိပေမယ့် အခု ၃ ရင်းထိ တိုးချလာတယ်လို့ ဗိုလ်ချုပ်အောင်မြတ်က ပြောပါတယ်။

တပ်မတော်စစ်ကြောင်းများရဲ့ ချီတက်လှုပ်ရှားမှု အကြောင်းပြချက်တွေဖြစ်တဲ့  မြေတိုင်းရေး၊ လမ်းပြင်ကိစ္စတွေဟာ သက်ဆိုင်ရာ မြေတိုင်းဦးစီးဌာနနဲ့ ဆောက်လုပ်ရေးဌာနတို့ကသာ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

တပ်မ ၅၅ လက်အောက်ခံတပ်ရင်း ၁၀ ရင်းက အလှည့်ကျ လှုပ်ရှားနေသလို အမြဲတမ်းလှုပ်ရှားနေပြီး မဆုတ်တဲ့အပြင် မော်ချီးနဲ့ ဖားဆောင်းအကြား ၁၀ မိုင်မှာ စခန်းဆောက်နေတယ်လို့ ဆိုပါတယ်။

အစိုးရတပ်ဘက်ကလည်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) နဲ့ မြန်မာအစိုးရ ပြည်နယ်အဆင့် ဆွေးနွေးမှု ပြီးတဲ့နောက်မှာ နယ်မြေရှင်းလင်း ပြုလုပ်ခြင်းမရှိဘဲ အဓိကအားဖြင့် လောပိတစက်ရုံ၊ ရွာသစ် ရေအားလျှပ်စစ်စက်ရုံ စသည်ဖြင့် နိုင်ငံတော်ရဲ့ စက်ရုံတွေမှာ လုံခြုံရေးအရ လမ်းကြောင်းတွေပေါ်မှာ သွားတာပဲ ရှိနေတယ်လို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် စိုးထွဏ်းက ဇွန်လဆန်းက လွိုင်ကော်မြို့မှာ ကေအန်ပီပီနဲ့ ပြည်ထောင်စုအဆင့် တွေ့ဆုံပွဲမှာ ပြောခဲ့ဖူးပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာ ဒေသကွပ်ကဲရေးစစ်ဌာနချူပ် (ဒကစ)  လက်အောက်ခံတပ်ရင်း ၁၀ ရင်း၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၇) လက်အောက်ခံတပ်ရင်း ၄ ရင်းနဲ့ တပ်မ ၅၅ လက်အောက်ခံ ၁၀ ရင်းကနေပြီး အလှည့်ကျ အမြဲတမ်း ၇ ရင်းကနေပြီး လှုပ်ရှားနေပါတယ်။ နယ်ခြားစောင့်တပ် အနေနဲ့ ၁၀၀၄ ၊ ၁၀၀၅ တပ်ဆိုပြီး ၂ ရင်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013