Home
မြန်မာသတင်း
ရန်ကုန်-နေပြည်တော်လမ်းဟောင်းနှင့် လမ်းသစ် ရေ ၂ ပေကျော်၊ ဆွာချောင်းတံတား ၁ပေခွဲ နိမ့်ကျ
DVB
·
August 29, 2018
40287671_2243590462447681_7890598540504727552_o
40284619_1696348833826309_4753556553515139072_o
40265973_1696348743826318_7971608255136792576_o
40253745_1696348540493005_7455696036216963072_o
ရန်ကုန်-နေပြည်တော်လမ်းအပိုင်း လမ်းဟောင်းရော လမ်းသစ်မှာပါ ရေ ၂ ပေခန့် ကျော်နေပြီး ဆွာချောင်းတံတားလည်း ၁ပေခွဲလောက် နိမ်ကျသွားတယ်လို့ ဆောက်လုပ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ လမ်းသစ်မှာ မိုင်တိုင်အမှတ် (၁၆၅/၄) နဲ့ (၁၆၆/၀) ကြား(၄) ဖာလုံခန့်မှာ ဆွာချောင်း ရေလှောင်တမံ ဘက်က စီးဆင်းလာတဲ့ ရေများကြောင့် လမ်းပေါ် ရေကျော်နေတာလို့ ဆောက်လုပ်ရေးသတင်းမှာ ဖော်ပြပါတယ်။ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် (၁၉၉/၄) မှာ ရေကျော်နေတာဖြစ်ပြီး အဲ့ဒီလမ်းအပိုင်း နေရာတစ်ဝိုက်ကို ခေတ္တလမ်းပိတ်ထားပါတယ်။ ဓာတ်ပုံ - MOI
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024