မန်ယူအသင်း ငွေကြေးသုံးပြီး ကစားသမားသစ်များ ဝယ်ရန်လိုဟု ကာရေဂါ ပြော

မန်ချက်စတာယူနိုက်တက်အသင်း အနေနဲ့ ငွေကြေးများစွာ အသုံးပြုပြီး ကစားသမားသစ်တွေ ဝယ်ယူဖို့ လိုအပ်တယ်လို့ လီဗာပူးကစားသမားဟောင်း ကာရေဂါက ပြောကြားလိုက်ပါတယ်။ မန်ယူအသင်းအနေနဲ့ ပေါင်သန်း ၄၀၀ လောက် အသုံးပြုခဲ့ပေမယ့် အရည်အသွေးမြင့် ကစားသမား နည်းပါးနေသေးပြီး ပေါင်သန်း ၂၀၀ လောက် အသုံးပြုပြီး ကစားသမားသစ်တွေ ဝယ်ယူဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ ကာရေဂါက ဆိုပါတယ်။ ဒါ့အပြင် ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့တဲ့ မန်ယူနောက်ခံလူ လင်ဒီလော့ဖ်ရဲ့ ခြေစွမ်းကိုလည်း ဝေဖန်သွားခဲ့ပြီး ဒီလိုအဆင့်မှာ ကစားဖို့ ထိုက်တန်တဲ့ခြေစွမ်း မရှိသေးဘူးလို့ ဆိုပါတယ်။ စပါးနဲ့ပွဲမှာ မန်ယူအသင်း ကစားသမားတွေ အကောင်းဆုံး တိုက်ပွဲဝင်စိတ်နဲ့ ကြိုးပမ်းခဲ့ကြပေမယ့် ကောင်းမွန်တဲ့ရလဒ် မရခဲ့တာကတော့ စိုးရိမ်စရာဖြစ်တယ်လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up