ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
August 28, 2018
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၂,၂၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ငွေကျပ် ၇၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၃၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၅,၀၀၀ ပေါက်ဈေးရှိပြီး မနေ့က ဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၂,၈၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲစင်းငုံနီ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီက တအိတ်ကို ၃၈,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၃၈,၁၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ကုလားပဲ v2
မန္တလေး ပွဲစားကုနသည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၈၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၈၂,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၈၁,၀၀၀ ရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
နှမ်းညို
မန္တလေး ကုန်စည်ဒိုင်မှာ နှမ်းညိုက ၄၅ ပိဿာဝင် တအိတ်ကို ၁၂၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၃၁,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၂၈,၂၅၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၃,၃၇၅ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၂,၇၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
နှမ်းဖြူ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းဖြူက တအိတ်ကို ၁၄၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၆၀,၀၀၀ ပေါက်ဈေးးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၄၁,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး မန္တလေးနဲ့ မုံရွာကုနစ်ည်ဒိုင် တအိတ်ကို ၁၉,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
နှမ်းနက်(စမုံ)
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်(စမုံ)က တအိတ်ကို ၁၆၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၈၂,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၄,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၆၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၇၀,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးနဲ့ အောင်လံ ကုန်စည်ဒိုင် တအိတ်ကို ၁၂,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ဖော်ပြထားတဲ့ သီးနှံတွေထဲက နှမ်းမျိုးစုံကတော့ ဒီတပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ တရုတ်နိုင်ငံအပြင် ဂျပန်နိုင်ငံကပါ ဝယ်ယူမှုတွေ ရှိလာတဲ့အတွက် ဈေးတက်လာခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ တရုတ်နဲ့ ဂျပန်က အပြိုင်အဆိုင် ဈေးပေး ဝယ်ယူမှုတွေ ရှိနေတဲ့အပြင် ဈေးကွက်အတွင်း နှမ်းနည်းလာတဲ့အတွက် ဈေးက ဆက်တက်နိုင်ခြေ ရှိတယ်လို့လည်း နှမ်းကုန်သည်တွေဆီကနေ သိရပါတယ်။
လတ်တလောမှာ ဂျပန်နိုင်ငံက GAP နည်းနဲ့ စိုက်ပျိုးတဲ့ နှမ်းတွေကို ပိုမို ဈေးကောင်းပေး ဝယ်ယူလာတယ်လို့ နှမ်းကုန်သည် ဦးအောင်မိုးဆီကနေ သိရပါတယ်။ လာမယ့် စက်တင်ဘာလမှာ နှမ်းအသစ်တွေ ထွက်လာတော့မှာ ဖြစ်ပေမယ့် နှမ်းဈေးက ကျနိုင်ခြေ မရှိဘူးလို့လည်း ကုန်သည်တွေက သုံးသပ်ထားပါတယ်။
အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA