မြောက်ကိုရီးယားက စွန့်စားထွက်ပြေးလာသူ
DVB
·
August 2, 2012

မြောက်ကိုရီးယားလူမျိုး ထောင်ပေါင်းများစွာဟာ တောင်ကိုရီးယားနိုင်ငံမှာ လွတ်လပ်မှုကို ရှာဖွေဖို့ သူတို့ နိုင်ငံကို စွန့်ခွာထွက်ပြေးကြပါတယ်။ ဒီခရီးဟာ ကျန်းမာသန်စွမ်းပါတယ် ဆိုတဲ့ သူတယောက် အတွက်တောင် ခက်ခဲကြမ်းတမ်းတဲ့ ခရီးပါ။ လူတော်တော်များများဟာ မြစ်ကိုဖြတ်ပြီး တရုတ်ပြည်ထဲ ၀င်၊ နောက် အရှေ့တောင်အာရှကို မရောက်ခင်မှာ အာဏာပိုင်တွေကို ရှောင်ရှားပြီး လျှို့လျှို့ဝှက်ဝှက် ခရီးသွားကြပါတယ်။ အဲဒီကမှ သူတို့ဟာ တောင်ကိုရီးယားနိုင်ငံကို ခိုလှုံနေထိုင်ဖို့ သွားကြတာပါ။ အခုဆို ခြေတဖက် လက်တဖက်တည်း ရှိတဲ့သူတောင် ဒီလိုလုပ်လာကြတာလည်း ဖြစ်ပါတယ်။
အေးရှားကောလင်း သတင်းထောက် ဂျေဆင် စထရုသ်သာက ဆိုးလ်ကနေ သတင်းပေးပို့ထားပါတယ်။