Home
သတင်းဓာတ်ပုံ
ပါမောက္ခချုပ် နုတ်ထွက်ပေးရန် ပြည်တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ
မင်းညို
·
August 27, 2018
40284622_697367320618732_1136698644330708992_n
40262205_697367353952062_674150702573944832_n
40164195_697367460618718_7883005046915334144_n
40159712_697367493952048_3152394854395281408_n
40136607_697367427285388_6605445571358490624_n
ပြည်တက္ကသိုလ် ပါမောက္ခချုပ်ကို နုတ်ထွက်ပေးဖို့ ပြည်တက္ကသိုလ် ကျောင်းသားတွေဦးဆောင်ပြီး ဒီနေ့ မနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ကျောင်းသားရေးရာကိစ္စတွေ၊ ဆရာတွေ နှိမ်ထားတာတွေ၊ ဆရာတွေအပေါ်မှာ ဗျူရိုကရက်ဆန်ဆန် ပြုမှုဆက်ဆံတာတွေ ကျောင်းထဲမှာ ဆိုင်ကယ်တွေပျောက်တဲ့ကိစ္စ၊ သမဂ္ဂတွေကို နှိမ်ထားတဲ့ကိစ္စတွေ စတာတွေများလာပြီး ကျောင်းသားသမဂ္ဂတွေနဲ့ ညှိနှိုင်းမှုတွေ လည်း မလုပ်တာကြောင့် ပါမောက္ခချုပ်ကို ပြည်တက္ကသိုလ်ကနေ ဖယ်ရှားပေးဖို့အတွက် တောင်းဆို ပြည်တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြသခဲ့ကြတာပါ။ ဒီဆန္ဒပြပွဲကို ပြည်တက္ကသိုလ်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်တက္ကသိုလ်ကျောင်းဝင်းထဲမှာ လှည့်လည်ပြီး အာဏာရှင်ဆန်သော ပါမောက္ခချုပ်အလိုမရှိ၊ အဂတိလိုက်စားတဲ့ ပါမောက္ခချုပ်အလိုမရှိ၊ ကျောင်းသားထုကို အကျိုးမပြုသည့် ပါမောက္ခချုပ် နုတ်ထွက်ပေးရေး၊ နိုင်ငံဝန်ထမ်းနည်း ဥပဒေချိုးဖောက်တဲ့ ဝန်ထမ်းဆိုးအလိုမရှိ၊ ကျောင်းသားထုကိုအကျိုးမပြုသည့် ပါမောက္ခချုပ် နုတ်ထွက်ပေးရေး၊ ပြည်တက္ကသိုလ်ကိုအကျိုးမပြုသည့် ပါမောက္ခချုပ်နုတ်ထွက်ပေးရေး စတဲ့ဗွီနှိုင်းတွေ၊ ကြွေးကြော်သံတွေနဲ့အတူ ကျောင်းဝန်းထဲမှာ လှည့်လည်ဆန္ဒပြသခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲကို မြေလတ်ဒေသက ပခုက္ကူတက္ကသိုလ်၊ ပခုက္ကူကွန်ပျူတာတက္ကသိုလ်၊ ပခုက္ကူနည်းပညာတက္ကသိုလ်၊ မကွေးနည်းပညာတက္ကသိုလ်၊ ပြည်နည်းပညာတက္ကသိုလ်၊ ပြည်ကွန်ပျူတာတက္ကသိုလ်တွေက လာရောက် ဝိုင်းရံကြပါတယ်။ အခုဆန္ဒပြပွဲကို ခွင့်ပြုမိန့်တင်ထားခြင်းမရှိဘဲ ပြသခဲ့ကြတာလို့ သမဂ္ဂရုံးကနေ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024