Home
မြန်မာသတင်း
မြင်းခြံတွင် ဂက်စ်​အိုး​ ပေါက်​ကွဲရာမှ ​ဈေးဆိုင်​ ၄ ဆိုင်​ မီး​လောင်​ကျွမ်း
DVB
·
August 27, 2018
မန္တလေးတိုင်း​ဒေသကြီး မြင်းခြံမြို့မှာ​ သြဂုတ်​ ၂၆ ရက်​ ည ၇ နာရီ​ကျော်​လောက်က ဂက်စ်​အိုး​ပေါက်​ကွဲရာက​နေ ​ဈေးဆိုင်​ ၄ ဆိုင်​ မီး​လောင်​ကျွမ်းခံခဲ့ရပါတယ်​။ ဖြစ်​စဉ်​မှာ မြင်းခြံမြို့ အမှတ်​ ၈ ရပ်​ကွက်​ ဗိုလ်​ချုပ်​လမ်း အ​ရှေ့ဘက်​ခြမ်းရှိ၊ ဦးမင်းမင်း (အမှတ်​-၁၈ ရပ်​ကွက်​ ​နေထိုင်​သူ) ပိုင်​​၊ Five Star CP ကြက်​ကင်​ဆိုင်ရှိ ဂက်စ်​အိုး​ပေါက်​ကွဲပြီး မီးစတင်​​လောင်​ကျွမ်းခဲ့ရာကနေ အဆိုပါဆိုင်​အနီးရှိ ရှင်းဟုန်​ လျှပ်​စစ်​ပစ္စည်းဆိုင်​၊ GB Mobile ဖုန်းအ​ရောင်းဆိုင်​၊ Giordano အဝတ်​အထည်​အ​ရောင်းဆိုင်​တို့ မီးကူးစက်​​ လောင်​ကျွမ်းသွားခဲ့ပါတယ်​။ မြင်းခြံခရိုင်​ မီးသတ်​ဦးစီးဌာနမှ မီးသတ်​ယာဉ်​ ၁၅ စီး၊ ​ရေသယ်ယာဉ်​ ၁၀ စီး၊ ​တောင်​သာမြို့နယ်​ မီးသတ်​တပ်​ဖွဲ့မှ မီးသတ်​ယာဉ်​ ၃ စီး၊ နွားထိုးကြီးမြို့နယ်​ မီးသတ်​တပ်​ဖွဲ့မှ မီးသတ်​ယာဉ်​ ၂ စီး၊ ပုဂ္ဂလိက​ရေသယ်​ယာဉ်​ ၅ စီး တို့က ဝိုင်းဝန်းမီးငြှိမ်းသတ်​ခဲ့ရာ ည ၉ နာရီ​ကျော်​အချိန်​လောက်​ မီးငြှိမ်းသတ်​နိုင်​ခဲ့ကြပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်​ဖိုး ကျပ်​သိန်း​ပေါင်း ၁၄၉ သိန်း ၂ သောင်း ခန့်​ ဆုံးရှုံးခဲ့ပြီး ​ သေဆုံးဒဏ်ရာရသူ မရှိဘူးလို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်​။ မီးအား​ပေါ့ဆစွာ သုံးစွဲသူ CP ကြက်​ကင်​ဆိုင်​မှ ဦးစီးလုပ်​ကိုင်​သူ မထက်​မြတ်​သူ(ခ)မမုန်းအား မြင်းခြံမြို့မရဲစခန်းက မီးပေါ့ဆစွာ အသုံးပြုမှု (ပ) ၄၉၉/၁၈၊ ပုဒ်​မ ၂၈၅ နဲ့ အမှုဖွင့်​ ရေးယူထားပါတယ်။ သတင်း- ရီရီထွန်း (မြင်းခြံ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024