Home
မြန်မာသတင်း
စက်တင်ဘာ ၃ ရက်နေ့ မဲဆွယ်စည်းရုံးနိုင်ပြီဟု ကော်မရှင်ကြေညာ
ပိုင်စိုး
·
August 25, 2018
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲအတွက် စက်တင်ဘာလ ၃ ရက်ကစပြီး မဲဆွယ်စည်းရုံးနိုင်ပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး မဲဆွယ်စည်းရုံးကာလကတော့ ရက်ပေါင်း ၆၀ ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲဝင်မယ့် ပါတီတွေအနေနဲ့ နိုဝင်ဘာ ၁ ရက်နေ့ ည ၁၂ နာရီအချိန်အထိ ဟောပြောစည်းရုံးခွင့်ရမှာပါ။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လက်ရှိအစိုးရလက်ထက်မှာ ဒုတိယအကြိမ် ကျင်းပတာ ဖြစ်ပြီး လစ်လပ် ၁၃ နေရာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီအတွက် ပါတီ ၂၄ ခုနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းပေါင်း ၆၉ ယောက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိတယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ ပထမအကြိမ်ကျင်းပခဲ့တဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် နိုင်ငံရေးပါတီ ၂၄ ပါတီနဲ့ တသီးပုဂ္ဂလ အပါအဝင် စုစုပေါင်း ၉၅ ဦး ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024