ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
August 25, 2018
မတ်ပဲ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၄၁၇၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ငွေကျပ် ၁၂၅ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၃၆၀၀၀ ကနေ ၄၅၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁ အိတ်ကို ၃၃၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ပဲစင်းငုံးနီ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ၄၀၅၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးပွဲစား ကုန်သည်စက်ပိုင် အသင်းမှာတော့ ၁ အိတ်ကို ၃၇၀၀၀ ကနေ ၃၈၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁ အိတ်ကို ၂၅၀၀ ဈေးကွာခြားမှုရှိပါတယ်။
စွန်တာပြာ
ရန်ကုန်ကုန်စည်ဒိုင်မှာ စွန်တာပဲက ၅၈.၂၅ ပိဿာဝင် ၁ အိတ်ကို ၇၃၆၅၀ ကနေ ၇၆၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၇၅၀၀၀ ကနေ ၇၇၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၁၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
ကုလားပဲ v2
မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် ၁ အိတ်ကို ၈၀၀၀၀ ကနေ ၈၁၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၇၉၅၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေး နဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၁၅၀၀ ဈေးကွာခြားမှုရှိပါတယ်။
ပဲပုတ်
မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲပုတ် (ဗမာ) က ၅၈.၂၅ ပိဿာဝင် ၁ အိတ်ကို ၈၀၀၀၀ ကနေ ၈၂၀၀၀ ပေါက်ဈေးရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၇၅၉၀၀ ကနေ ၇၇၂၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၃၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေး နဲ့ မြင်းခြံကုန်စည်ဒိုင် တစ်အိတ်ကို ၄၈၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
နှမ်းညို
မန္တလေးကုန်စည်ဒိုင်မှာ နှမ်းညိုက ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၂၅၀၀၀ ကနေ ၁၂၇၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၂၄၉၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေး နဲ့ မြင်းခြံကုန်စည်ဒိုင် ၁ အိတ်ကို ၂၁၀၀ ဈေးကွာခြားမှုရှိပါတယ်။
အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA