Home
မြန်မာသတင်း
မြန်မာနိုင်ငံ မွေးမြူရေးအစာဖိုရမ် ကျင်းပ
DVB
·
August 25, 2018
ပြည်တွင်းမွေးမြူရေးလုပ်ငန်းတွေအတွက် အစာလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မြန်မာနိုင်ငံ မွေးမြူရေးအစာဖိုရမ်ကို ရန်ကုန်မြို့က Lotte Hotel မှာ ကျင်းပနေပါတယ်။ မွေးမြူရေးလုပ်ငန်းတွေရဲ့ ကုန်ကျစရိတ် ၈၀ ရာခိုင်နှုန်းလောက်က အစာအတွက်ကုန်ကျစရိတ်ဖြစ်ပါတယ်။ မွေးမြူရေးအစာအဖြစ် ပဲဖတ်၊ နှမ်းဖတ်၊ ဝါဖတ်၊ ပဲပုပ်ဖတ် စတဲ့ စိုက်ပျိုးရေးထွက်ကုန် ၁၀ မျိုးလောက်ကို အဓိကအသုံးပြုရပါတယ်။ ပြည်တွင်းထုတ်လုပ်မှု စရိတ်တွေက မြင့်မားတဲ့အတွက် အစာဈေးနှုန်းတွေက ကြီးမြင့်နေပါတယ်။ ဒီအတွက် ပြည်ပကနေ နှစ်စဉ် တန်ချိန် ၅ သိန်းကျော်တင်သွင်းနေရပြီး အမေရိကန်ဒေါ်လာသန်း ၁၅၀ ကျော် သုံးစွဲနေရပါတယ်။ ပြည်တွင်း မွေးမြူရေးအစာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ကြက်ဝက်ငါးနဲ့ ပြည်တွင်းအစာ ထုတ်လုပ်သူ လုပ်ငန်းရှင်တွေနဲ့အတူ စိုက်ပျိုးရေးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးတို့ တက်ရောက်ဆွေးနွေးနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024