အာရှအားကစားပြိုင်ပွဲတွင် ဂျပန်နှင့်တရုတ် ရွှေတံဆိပ် ၁၉ ခုစီဖြင့် ဦးဆောင်

Swimming - 2018 Asian Games - Women's 50m Freestyle heats - GBK Aquatics Center Ð Jakarta, Indonesia Ð August 24, 2018 Ð (L-R) Rikako Ikee and Mayuka Yamamoto of Japan compete. REUTERS/Athit Perawongmetha
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲမှာ ဂျပန်နဲ့ တရုတ်တို့က ရွှေတံဆိပ် ၁၉ ခုစီ ရထားပြီး ပြိုင်ပွဲကို ဦးဆောင်နေပါတယ်။ အဲဒီ အာရှအားကစားပြိုင်ပွဲမှာ ဂျပန်ဆယ်ကျော်သက် ရေကူးမယ် အီကာ-ကိုအီကဲဟာ ပြိုင်ပွဲတခုတည်းမှာ  ရွှေတံဆိပ် ၆ ခု ဆွတ်ခူးတဲ့ ပထမဆုံး ရေကူးချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံက အိုလံပစ်ချန်ပီယံ ၃ ကြိမ်ရထားသူ ဆွန်းယန်ဟာလည်း ရွှေတံဆိပ် ၄ ခုကို သိမ်းပိုက်ခဲ့ပါတယ်။ မီတာ ၅၀ ဖားကူးပြိုင်ပွဲမှာတော့   ယာဆူရှီရို- ကိုဆဲခိက တတိယမြောက် ရွှေတံဆိပ်ဆုကို ရခဲ့ပါတယ်။ ခက်ဘာတီ ပြိုင်ပွဲမှာတော့ အီရန် အမျိုးသားနဲ့ အမျိုးသမီး နှစ်သင်းစလုံးဟာ ပြိုင်ဘက် အသင်းတွေကို အနိုင်ရပြီး ရွှေတံဆိပ် ၂ ခု ရရှိခဲ့ပါတယ်။ အီရတ်ပြိုင်ပွဲဝင် ဆာဖာ အယ်ဂျူမယ်လီကတော့ ၂၀၂ ကီလိုအလေးမပြိုင်ပွဲမှာ နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးပေးနိုင်ခဲ့ပြိး ဂုဏ်ယူဝင့်ကြွားစွာ အောင်ပွဲခံခဲ့ပါတယ်။ ဒီအာရှအားကစားပြိုင်ပွဲမှာ အိမ်ရှင် အင်ဒိုနီးရှားက ရွှေတံဆိပ် ၉ ခု ရထားပြီး ရွှေတံဆိပ် ၁၆ ခုအထိ မျှော်မှန်းထားတယ်လို့ ရိုက်တာ သတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up