Home
မြန်မာသတင်း
မြိတ်မြို့ ကမ္ဘောဇဘဏ်ခွဲ ၃ တွင် လုယက် ဓားပြတိုက်မှုဖြစ်ပွား
DVB
·
August 24, 2018
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ နောက်လယ်ရပ်၊ ပိတောက်ရွှေဝါလမ်းမကြီးမှာ ဖွင်လှစ်ထားတဲ့ ကမ္ဘောဇဘဏ်ခွဲ ၃ မှာ ဒီကနေ့ သြဂုတ် ၂၄ ရက်၊ မွန်းတည့် ၁၂ နာရီလောက်က လုယက် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ အရပ် ၅ ပေ ၅ လက်မလောက်ရှိတဲ့ အမျိုးသားတဦးက ဘဏ်ထဲဝင်လာပြီး အရိုး ၁ ပေလောက်ရှိတဲ့ စတီးဓားကို ပြကာ ခြိမ်းခြောက်ပြီး ကောင်တာ ၂ က ဒေါ်သင်းသင်းအိထွေးထံကနေ တထောင်ကျပ်တန် ၃ သိန်း၊ ကောင်တာ ၅ မှ ဘဏ်ဝန်ထမ်း ကိုမင်းထွေးထံက တထောင်တန် ကျပ် ၂ သိန်း စုစုပေါင်း ကျပ် ၅ သိန်း လုယူထွက်ပြေးသွားပါတယ်။ မြိတ်မြို့ခံ ဦးတင်ကိုကိုဦးက “အဲဒီမှာ ဓားအရှည်ကိုင်ထားတဲ့ လူတယောက်ကနေပြီးတော့ ဓားပြတိုက်တာပေါ့။ အဲဒီမှာ ငွေ ၅ သိန်း ပါသွားတယ်။ အခုလောလောဆယ်တော့ မိပြီလို့လည်း သတင်းကြားတယ်။ ဒါပေမယ့် အတည်တော့ မဖြစ်သေးဘူး” လို့ ပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ကြီးကြပ်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းရှာဖွေနေဆဲ ဖြစ်ပါတယ်။ မြိတ်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ကမ္ဘောဇဘဏ်ခွဲ ၁ မှာ အလားတူ လုယက်ဓားပြတိုက်မှု ဖြစ်ပွားခဲ့လို့ ငွေသိန်းရာချီ ပါသွားခဲ့ဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024