Home
မြန်မာသတင်း
ရုပ်ရှင်လောကသားများ မူးယစ်ဆေးရှောင်ရန် အစည်းအရုံး တိုက်တွန်းနှိုးဆော်
ရွှေအောင်
·
August 24, 2018
ရုပ်ရှင်လောကသားတွေ မူးယစ်ဆေးဝါး ရှောင်ကြဉ်ကြဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက သြဂုတ် ၂၃ ရက်မှာ ကြေညာချက်ထုတ်ပြန် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ အခုအခါ အစိုးရက မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိရောင်းချ သုံးစွဲတာကို ထိထိရောက်ရောက် တားဆီးနှိမ်နင်းနေတယ်။ ဒါကြောင့် နိုင်ငံသားတွေဖြစ်ကြတဲ့ ရုပ်ရှင်လောကသားတွေ အနေနဲ့ တမျိုးသားလုံး လူညွန့်တုံးစေမယ့် မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်တဲ့ ဆေးဝါးတွေကို ရှောင်ကြဉ်ကြဖို့  ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သမ္မတ ဦးဝင်းမြင့် တက်လာပြီးတဲ့နောက် မူးယစ်ဆေးဝါး နှိမ်နင်းရေးကို စီမံချက်ချမှတ်ပြီး ထိထိရောက်ရောက် နှိမ်နင်းနေရာမှာ ရုပ်ရှင်အနုပညာရှင်တွေ၊ အဆိုတော်တွေလည်း မူယစ်ဆေးဝါးမှုနဲ့ အဖမ်းခံရတဲ့ထဲ ပါဝင်လာပါတယ်။ မကြာသေးခင်ကပဲ ဒါရိုက်တာမိုက်တီး၊ အဆိုတော်တွေဖြစ်ကြတဲ့ ရွှေထိုက်နဲ့ ရသတို့ကို မူးယစ်ဆေးတွေနဲ့အတူ ဖမ်းမိ အရေးယူခဲ့ပါတယ်။ အနုပညာရှင်တွေ မူးယစ်ဆေးနဲ့ ဆက်တိုက် အဖမ်းခံရတာဟာ အစိုးရက သူတို့ကို ပစ်မှတ်ထား ဖမ်းဆီးနေတယ်လို့ မမြင်မိကြောင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဒီဗွီဘီကို ပြောထားပါတယ်။ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနကို ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်က သမ္မတရုံးမှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၁ လအကြာမှာ မူးယစ်ဆေးဝါး အမှုပေါင်း ၇၇ မှု၊ တရားခံ ၁၁၉ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024