Home
မြန်မာသတင်း
ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခများ ပြန်လည်ကောက်ခံမည်
DVB
·
August 24, 2018
ရန်ကုန်မြို့တွင်း ၆ မြို့နယ်အတွင်း လမ်းမကြီးတွေနဲ့ အမည်တပ်လမ်းတွေမှာ လာမယ့် အောက်တိုဘာ ၁ ရက်ကစလို့ ယာဉ်ရပ်နားခတွေ ပြန်လည်ကောက်ခံတော့မယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြေညာပါတယ်။ ကောက်ခံမယ့် နှုန်းထားတွေကတော့ မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိသာ တနာရီကို ကျပ် ၂၀၀ နှုန်းနဲ့ ကောက်ခံမယ်လို့ ဆိုပါတယ်။ အဲဒီသတ်မှတ်ချိန်ရဲ့ ပြင်ပအချိန်တွေကိုတော့ လတ်တလော အခမဲ့ ရပ်နားခွင့်ပြုထားမယ်လို့လည်း မြိ့တော်စည်ပင်ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ယာဉ်ရပ်နားခကောက်ခံတဲ့ လုပ်ငန်းလုပ်ဖို့အတွက် လုပ်ငန်းရှင်တွေကို ဈေးပြိုင်တင်ဒါစနစ်နဲ့ ခေါ်ယူဆောင်ရွက်မယ်လို့လည်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024