မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်း တရုတ် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်မည်

ဓာတ်ပုံ - MFF
တရုတ်နိုင်ငံမှာကျင်းပမယ့် CFA Under 21 International Football Tournament ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်းအနေနဲ့ အိမ်ရှင်တရုတ်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်အသင်းတို့နဲ့ အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို စက်တင်ဘာ ၄ ရက်ကနေ ၈ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး မြန်မာယူ-၂၁ အသင်း နည်းပြချုပ်အဖြစ် ဦးကြည်လွင်က တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ လက်ရှိ ပဏာမအသင်းကို မြန်မာနေရှင်နယ်လိဂ်၊ မြန်မာနေရှင်နယ်လိဂ် အသက် ၂၁ နှစ်အောက် ပြိုင်ပွဲတွေက ကစားသမား ၅ဝ ဦးကို ခြေစွမ်းစမ်းသပ် ရွေးချယ်ခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (အမ်အက်ဖ်အက်ဖ်) က ထုတ်ပြန်ပါတယ်။ အမ်အက်ဖ်အက်ဖ်အနေနဲ့ ၂ဝ၁၉ ခုနှစ်အတွင်း ကျင်းပမယ့် အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်၊ အာရှ ယူ-၂၃ ခြေစစ်ပွဲ၊ ၂ဝ၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတို့အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up