Home
မြန်မာသတင်း
မြသလွန်​ဘုရားတန်​​ဆောင်းကို မြန်​မာ့ဗိသုကာ လက်​ရာများဖြင့် မွမ်းမံ
DVB
·
August 23, 2018
မ​ကွေးတိုင်း​ဒေသကြီး၊ မ​ကွေးမြို့ရှိ မြသလွန်​ဘုရား ရင်​ပြင်​​တော်​​မြောက်​ဘက်​ရှိ မဟာအတုလရံသီ တန်​​ဆောင်း​တော်​ကို အမရပူရ​ခေတ်​၊ တ​ကောင်း​ခေတ်​ လက်​ရာ​တွေနဲ့ ကျပ်​သိန်း ၁၁၀၀ ကုန်​ကျခံကာ ပြုပြင်​မွမ်းမံနေတယ်လို့  ​ဂေါပကအဖွဲ့ထံက သိရပါတယ်​။ မြသလွန်​ဘုရား ​ဂေါပက ဘဏ္ဍာထိန်း ဒုဥက္ကဋ္ဌ ဦး​အေး​ကျော်​က “တန်​​ဆောင်း အတွင်းအပြင်​အားလုံးကို မြန်​မာမှု ဗိသုကာ​တွေထည့်သွင်းပြီး​တော့ပြုပြင်​မှာ ဖြစ်​တယ်​။ ဆရာ​တော်​ကြီး​တွေရဲ့ သြဝါဒကို ခံယူပြီး တိုင်​ပုံစံ၊ ကနုတ်​ပုံစံ၊ ပန်းပုံစံ​တွေကို မန္တ​လေးမြို့ တမ္ပဝတီဦးဝင်း​မောင်​အဖွဲ့က ဗိသုကာပညာရပ်​​တွေနဲ့ ပြုပြင်​​နေတာဖြစ်​တယ်​။”လို့ ဒီဗွီဘီကို​ပြောပါတယ်​။ အလျား​ပေ ၁၈၀ အနံ​ပေ ၃၀ ရှိတဲ့ တန်​​ဆောင်း ​တော်​ကြီးကို အလှူရှင်​​တွေ လှူဒါန်းထားတဲ့ နဝကမ္မအလှူ​ငွေ ကျပ်​သိန်း ၁၁၀၀ ကုန်​ကျခံပြီးပြီးခဲ့တဲ့ ဇူလိုင်လက စတင်  မွမ်းမံ​နေတာပါ။ တန်းဆောင်းတော်ကြီးဟာ ဝါတွင်းကာလ ဥပုသ်​သည်​​တွေ နား​နေတဲ့ ​နေရာလည်းဖြစ်​ပြီး ဘုရားပွဲ​တော်​မတိုင်​ခင် အောက်​တိုဘာ ၁၅ ရက်​​နေ့မှာ လုပ်​ငန်းပြီးစီး​အောင်​ ​ဆောင်​ရွက်​နေတာ ဖြစ်ပါတယ်။ မ​ကွေးမြသလွန်​ဘုရားကြီးဟာ တန်​ခိုးကြီးဘုရားတစ်​ဆူဖြစ်​ပြီး မြန်​မာပြည်​အနှံ့ရှိ ဘုရားဖူးတွေ လာ​ရောက်​ဖူး​မြော်​ကြကာ သီတင်းကျွတ်​ပွဲ​တော်​ရက်​မှာ အထူးစည်​ကားပါတယ်။ အနယ်နယ်အရပ်ရပ်က ရောက်လာကြတဲ့ ဘုရားဖူးတွေ  ​လေ​ကောင်း​လေသန့်​ရပြီး ​အေးချမ်းစွာ ဖူး​မြော်​နိုင်​ဖို့ အခုလို တန်​​ဆောင်း​တော်​ကြီးကို ပြုပြင်​မွမ်းမံ​ပေးတာ ဖြစ်​တယ်​လို့ မြသလွန်​ဘုရား​ဂေါပက အဖွဲ့က ပြောပါတယ်​။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024