ထိုင်းကျေးလက်ကျောင်းသူလေးများ၏ ဟာသဆန်ဆန် ကေပေါ့ပ်ရုပ်သံ နာမည်ကြီးနေ

ထိုင်းကျေးလက်ကျောင်းသူ ကလေးငယ် ၄ ဦးပါဝင်တဲ့ အဖွဲ့ဟာ ကေပေါ့ပ် သီချင်းတပုဒ်အတိုင်း ဟာသဆန်ဆန် တုပသရုပ်ဆောင်ထားခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေခဲ့ပါတယ်။ မွမ်မန်၊ ခွန်တန်၊ ဆွမ်းမ်နဲ့ ကွမ်းဆိုတဲ့ ကောင်မလေး ၄ ဦးပါဝင်တဲ့ သူတို့အဖွဲ့ရဲ့ နာမည်ကိုတော့ ဒက်ခ်ဆော့ကရာအိုလို့ အမည်ပေးထားခဲ့တာပါ။ သူတို့အဖွဲ့ဟာ နာမည်ကြီး ကေပေါ့ပ် အမျိုးသမီး တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ Black Pink အဖွဲ့ရဲ့ Dhu-du-Dhu-du သီချင်းထဲကအတိုင်း တုပသီဆို သရုပ်ဆောင်ထားခဲ့ကြတာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ တခြား ကာဗာသီချင်းတွေမှာလို သီဆိုသရုပ်ဆောင်ထားတာ မဟုတ်ဘဲ မူရင်းသီချင်းထဲကလို ကျေးလက်သဘာဝပစ္စည်းတွေနဲ့ တုပ ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ရိုက်ကူးပေးခဲ့သူကတော့ ခွန်တန်ရဲ့ အစ်ကိုဖြစ်တဲ့ ဆစ်တီချိုင် ရက်ခ်ပီနစ်ဖြစ်ပြီး ကျေးလက်အိမ်သုံးပစ္စည်းတွေ၊ နောက်ခံမြင်ကွင်းတွေကို ပုံဖော်ထားခဲ့တာဟာ တကယ့်ကို အံ့သြစရာ ကောင်းနေခဲ့တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့ကတည်းက အင်တာနက်စာမျက်နှာပေါ်မှာ မျှဝေခဲ့တာဖြစ်ပြီး ယူကျု အင်တာနက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄၂ သန်းကျော်နေခဲ့ပြီ ဖြစ်ပါတယ်။ သူတို့အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာတော့ ပရိသတ် ၄ သိန်းကျော်သွားခဲ့ပြီဖြစ်ကာ အင်စတာဂရမ် စာမျက်နှာပေါ်မှာတော့ ပရိသတ် ၂ သောင်း ၈ ထောင့် ၅ ရာ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up