Home
ရုပျသံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ(ရုပ်သံ)
DVB
·
August 23, 2018
      ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုး တွေအတွက် ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ဟောလိဝုဒ် ရုပ်ရှင်ကား တကားရှိပါတယ်။ ဒီကားကတော့ Adventure , Family, Sci-Fi ရုပ်ရှင်ကြိုက် ပရိသတ် တွေ နှစ်သက်ကြမယ့် ရုပ်ရှင်ကားတကားဖြစ်ပြီး ဒါရိုက်တာ Oliver Daly က သူကိုယ် တိုင်ရေးပြီး သူကိုင်တိုင် ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ A.X.L. ဆိုတာ သိပ္ပံပညာရှင်တွေက  Artificial Intelligence စနစ်ထည့်သွင်း ဖန်တီးထားတဲ့ Robot ခွေးတကောင်ဖြစ်ပါတယ်။ သူ့ကို စစ်တပ်က တိုက်ခိုက် ဖောက်ခွဲရေးတွေမှာ အသုံးပြုဖို့ တီထွင်ထားခဲ့တာဖြစ်ပြီး စစ်ဆင်ရေးတခုမှာ တော့ စက်ချို့ယွင်းသွားခဲ့ပြီး သဲကန္တာရတခုထဲမှာ စွန့်ပစ်ခံထားခဲ့ရတယ်။ ဒီအချိန်မှာ Miles Hill ဆိုတဲ့ ကောင်လေးတယောက်က A.X.L.ကို တွေ့ပြီး ပြန်လည်ပြင်ဆင်လိုက် ချိန်မှာတော့ သူတို့ဟာ အချင်းချင်း ယုံကြည်သွားကြပြီး တသားတည်း ဖြစ်သွားခဲ့ကြပါ တယ်။ A.X.L. ဟာ Miles Hill ရဲ့ အကောင်းဆုံးအဖော်ဖြစ်လာပြီး သူ့ကို ပြန်ဖမ်းမိသွားရင် ဘာတွေ ဆက်ဖြစ်လာမလဲ။ သူတို့အဖွဲ့ထဲကို Sara ဆိုတဲ့ ကောင်မလေးရောက် လာချိန်မှာ  ပူးပေါင်းပြီး ဘယ်လိုစွန့်စားမှုတွေ၊ တိုက်ခိုက်မှုတွေနဲ့အတူ ရိုက်ကူးထားသ လဲဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲက အဓိက ဇာတ်ကောင်တွေဖြစ်ကြတဲ့ Miles Hill နဲ့ Sara နေ ရာမှာတော့ အမေရိကန်သရုပ်ဆောင်မင်းသား Alex Neustaedter နဲ့ သရုပ်ဆောင်မင်း သမီး Becky G တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကြမ်းကြမ်းရမ်းရမ်း တိုက်ခိုက်မှုတွေ၊ ပြကွင်းပြကွက်တွေ၊ ဇာတ်ဝင်ခန်းမြင်ကွင်း တွေ ပါဝင်နေတာမို့ ဒီရုပ်ရှင်ကားကိုတော့ PG အဆင့် သတ်မှတ်ထားတာပါ။ ကြာမြင့်ချိန် မိနစ် ၁၀၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် သြဂုတ်လ ၂၄ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။     ဒုတိယတကားမိတ်ဆက်ပြောပြပေးချင်တာကတော့ Supporting the Girls အ မည်ရတဲ့ ရုပ်ရှင်ကားပါ။     ဒီကားကတော့ Comedy ရုပ်ရှင်ကြိုက် ပရိသတ်တွေ နှစ်သက်စေမယ့် ရုပ်ရှင် ကားတကားဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Andrew Bujalski က ရိုက်ကူးပုံဖော် ပေးထားတာ ဖြစ်ပါတယ်။     Highway လမ်းမကြီးတခုပေါ်မှာ ဖွင့်ထားတဲ့ Sports Bar တခုမှာ အခြေတည် ရိုက်ကူးထားခဲ့တဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ အဲဒီ စားသောက်ဆိုင်က မန်နေဂျာအမျိုးသ မီးတယောက်ဟာ သူ့အလုပ်ကို မနှစ်သက်ပေမယ့် ၀န်ထမ်းမိန်းကလေးတွေအားလုံးကို တော့ မိသားစုဝင်တွေလိုပဲ ချစ်ခင်တယ်။ စားသောက်ဆိုင်ကိုလာတဲ့ အမျိုးသားတွေက မိန်းကလေးတွေကို နှောက်ယှက်တာမျိုးဆိုရင် သူက ကာကွယ်ပေးဖို့ အသင့်ရှိနေတတ် တတ်တယ်။ နောက်ပိုင်းမှာတော့ သူတို့အားလုံး စုစည်းသွားပြီး အမျိုးသမီးအုပ်စုတစု ဖြစ်လာချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာတွေကို ဟာသဒရာမာပုံစံရိုက်ကူးထား တာ ဖြစ်ပါတယ်။     ဒီကားထဲမှာတော့ အမေရိကန်မင်းသမီး Regina Hall နဲ့အတူ တခြားသရုပ် ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Haley Lu Richardson, James Le Gros, AJ Michalka တို့က အတွဲညီညီပါဝင်သရုပ်ဆောင်ထားခဲ့ကြတာပါ။     ရုပ်ရှင်ဇာတ်ဝင်ခန်းတွေထဲမှာတော့ လိင်ပိုင်းဆိုင်ရာ မြင်ကွင်းသရုပ်ဆောင်မှုတွေ၊ ပြောစကား Dialog တွေ ပါဝင်နေတာမို့ Rated R အဆင့် သတ်မှတ်ထားတာ ဖြစ်ပါ တယ်။     ဒီရုပ်ရှင်ကားရဲ့ Premiere ပွဲကိုတော့ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကတည်းက South by Southwest ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တာပါ။     ကြာမြင့်ချိန် ၉၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားဟာ Rotten Tomatoes မှာတော့ Rating 7.7 ထိ ရရှိထားတာ ဖြစ်ပြီး ဒီကားကို လာမယ့် သြဂုတ်လ ၂၄ ရက်နေ့မှာ ရုံတင်ပြ သတော့မှာ ဖြစ်ပါတယ်။     နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ထိတ်လန့်ကြောက် ရွံ့စရာ Psychological Thriller ရုပ်ရှင်ကြိုက် ပရိသတ်တွေအတွက်ပါ။ Searching လို့ အမည်ရပါတယ်။ ဒီကားကိုတော့ ဒါရိုက်တာ Aneesh Chaganty က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် သမီးဖြစ်သူ ပျောက်ဆုံးသွားချိန်မှာ လိုက်ရှာဖွေတဲ့ ဖခင်တယောက်အကြောင်းကို လျှို့ဝှက်သည်းဖို ပုံစံတမျိုးနဲ့ ရိုက်ကူးပုံ ဖော်ထားတာ ဖြစ်ပါတယ်။ သမီးဖြစ်သူ ပျောက်ဆုံးသွားတာဟာ ထူးဆန်းနေပြီး နည်းပ ညာဆိုင်ရာ အသုံးအဆောင်တွေဖြစ်တဲ့ မိုဘိုင်းလ်ဖုန်းတွေ၊ Internet History တွေက တဆင့် လိုက်လံရှာဖွေတဲ့ အကြောင်းတွေကို ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာပါ။ ဒီကားထဲက အဓိကဇာတ်ကောင် David Kim အမည်ရတဲ့ ဖခင်နေရာမှာတော့ Korean-American ကပြားမင်းသား John Cho က ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အ တူ အမေရိကန်မင်းသမီး Debra Messing တို့က အတွဲညီညီပါဝင်သရုပ်ဆောင်ထားကြ တာ ဖြစ်ပါတယ်။ သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေ ပါဝင်နေတာမို့ ဒီကားကိုတော့ အသက် ၁၃ နှစ်အောက် က လေးငယ်တွေကို မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ် မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကားကို နာမည်ကြီးရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Sundance Film Festival မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလတည်းက ပြသခဲ့ပြီး အားပေးမှုတွေ ရရှိထားတာဖြစ်ပြီး IMDb မှာ လည်း Rating 7.2 အထိ ရရှိထားပါတယ်။ ကြာမြင့်ချိန် ၁၀၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် သြဂုတ်လ ၂၄ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။     မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့  မြန်မာရုပ်ရှင်ကားတကားဖြစ်ပါတယ်။ အဆိုတော်တွေ နေတဲ့ရွာလို့ အမည်ရပါတယ်။     ဒီကားကိုတော့ အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ရာဇ၀င်ကိုက သူ ကိုယ်တိုင်ဇာတ်လမ်းရေးပြီး ကိုယ်တိုင်ဒါရိုက်တာအဖြစ် ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ် ပါတယ်။         ဂီတကို ၀ါသနာပါတဲ့သူတွေနေထိုင်တဲ့ ရွာတရွာအကြောင်းကို အခြေတည်ရိုက် ကူးထားတဲ့ ဒီကားထဲမှာ မိုက်ခဲရွာအိုင်ဒေါပြိုင်ပွဲနဲ့အတူ ဘယ်လိုရယ်မောစရာဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ပုံဖော်ထားမလဲဆိုတာကို ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။     ဒီကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင် မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ မင်း မော်ကွန်း၊ ဇေရဲထက်၊ မို့မို့မြင့်အောင်၊ ရွှေမှုံရတီတို့နဲ့အတူ မြန်မာပြည်သိန်းတန်တို့က အဓိက သရုပ်ဆောင်တွေအဖြစ် ပါဝင်ထားပြီး တခြားဟာသသရုပ်ဆောင်တွေလည်း အ များကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။       ဒီရုပ်ရှင်ကား အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က ရန်ကုန် မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။     ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ဒီရုပ်ရှင်ကား Trailer ကို ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၆ သန်းကျော် ရှိနေခဲ့တာပါ။     ဒီကားကိုတော့ လာမယ့် သြဂုတ်လ ၂၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ မူဗီခရေဇီတွေကို နောက်ဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ဟောလိဝုဒ်ဒရာမာ ပရိသတ်တွေအတွက်ပါ။ The Bookshop လို့ အမည်ရပါတယ်။ ဒီကားကိုတော့ စပိန်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Isabel Coixet က ရိုက်ကူးပုံ ဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။ ၁၉၅၉ ခုနှစ်ကာလ၊ အင်္ဂလန်နိုင်ငံမှာ အခြေတည်ရိုက်ကူးထားခဲ့တဲ့ ဒီရုပ်ရှင်ကား ထဲမှာတော့ မုဆိုးမတဦးဖြစ်တဲ့  Florence Green ဟာ စာအုပ်ဆိုင်တဆိုင်ဖွင့်ဖို့ ကြိုး စားချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေစတဲ့ အခြေအနေတွေကို ရိုက် ကူးထားတာ ဖြစ်ပါတယ်။ သေးငယ်တဲ့ ကွန်ဆာဗေးတစ် ရှေးရိုးစွဲ ကမ်းရိုးတန်း အင်္ဂလီ ကန်မြို့ငယ်လေးမှာ ပတ်ဝန်းကျင်ရဲ့ ဆန့်ကျင်တိုက်ခိုက်မှုတွေကြား Florence Green အနေနဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါ တယ်။ ဒီကားထဲက အဓိက ဇာတ်ကောင် Florence Green နေရာမှာတော့ British မင်း သမီးတဦးဖြစ်တဲ့ Emily Mortimer က ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင် မင်းသမီး မင်းသားတွေဖြစ်ကြတဲ့ Patricia Clarkson နဲ့  Bill Nighy တို့ကလည်း ပါဝင်ထားကြတာပါ။ ဒီရုပ်ရှင်ကားဟာ နာမည်ကြီးစပိန်ရုင်ထူးချွန်ဆုတဆုဖြစ်တဲ့ Goya Awards မှာ Best Film, Best Director နဲ့ Best Adapted Screenplay ဆု ၃ ဆု ရရှိထားတာ ဖြစ်ပြီး IMDb မှာ Rating 6.5 ရရှိထားတာ ဖြစ်ပါတယ်။ ဘတ်ဂျတ်ယူရို ၃ ဒဿမ ၄ သန်းအကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားကို Boxoffice မှာတော့ ၀င်ငွေ အမေရိကန်ဒေါ်လာ ၅ ဒဿမ ၉ သန်းရရှိနိုင်မယ်လို့ ခန့် မှန်းထားပါတယ်။ ကြာမြင့်ချိန် ၁၁၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် သြဂုတ်လ ၂၄ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီမှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာရီ၊ စနေနေ့ နေ့လည် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း ၀င်ရောက်ကြည့်ရှု အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024