ချေချင်းညာဒေသ ရဲများကို ပစ်မှတ်ထားတိုက်ခိုက်မှု အိုင်အက်စ်လက်ချက်ဟု ပြော

ဓာတ်ပုံ - AFP
ရုရှားနိုင်ငံ၊ ချေချင်းညာဒေသက ရဲတွေကို ပစ်မှတ်ထားတဲ့ သြဂုတ် ၂၀ ရက်နေ့က တိုက်ခိုက်မှုတွေဟာ သူတို့လက်ချက်ဖြစ်တယ်လို့ အိုင်အက်စ်အဖွဲ့က ပြောပါတယ်။ ချေချင်းညာ စစ်သွေးကြွတွေဟာ ရဲတွေကို တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ သတင်းကို ဒေသန္တရ အာဏာပိုင်တွေနဲ့ ဥပဒေစိုးမိုးရေး အရာရှိတွေက အတည်ပြုထားပေမယ့် အသေးစိတ်တော့ မပြောထားပါဘူး။ ချေချင်းညာမြို့တော် ဂရိုဇနီမှာတော့ မာစီဇီးကား ယာဉ်မောင်းတဦးက ယာဉ်ထိန်းရဲ ၂ ဦးကို ဝင်တိုက်ဖို့ ကြိုးပမ်းခဲ့လို့ ရဲက ပစ်ခတ်ရာကနေ ယာဉ်မောင်းသေဆုံးခဲ့တယ်လို့ TASS သတင်းဌာနက ဖော်ပြပါတယ်။ ဒါ့ပြင် တိုက်ခိုက်သူနှစ်ဦးက ရှာလင်စကီခရိုင်ထဲက ရဲစခန်းတခုထဲကို ဝင်ပြီး ဓားနဲ့ ဝှေ့ယမ်းတိုက်ခိုက်ခဲ့လို့ ရဲ ၂ ဦး ဒဏ်ရာရခဲ့ပေမယ့် သူတို့ကို ရဲက အသေပစ်သတ်ခဲ့တယ်လို့ ရုရှား စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ တနေ့တည်းမှာပဲ ကျောပိုးအိတ်လွယ်ထားတဲ့ လူငယ်တဦးက မတ်စကာရော့ကျေးရွာ ရဲစစ်ဆေးရေးဂိတ်မှာ အသေခံဗုံးဖောက်ခွဲမှု ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာတော့ ဒဏ်ရာရသူမရှိဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up