တောင်နှင့်မြောက် ကိုရီးယား ၂ နိုင်ငံ တပ်စခန်းအချို့ ရုပ်သိမ်းရေး အမေရိကန်ထောက်ခံ

ဓာတ်ပုံ - Reuters
တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ နယ်စပ်တလျှောက်က တပ်စခန်းတချို့ကို ရုပ်သိမ်းဖို့ ထောက်ခံတယ်လို့ တောင်ကိုရီးယားအခြေစိုက် အမေရိကန်စစ်တပ်ရဲ့ ထိပ်တန်းစစ်ဦးစီးမှူး ဗင်းဆင့် ဘရွတ်ခ်က သြဂုတ် ၂၂ ရက်မှာ ပြောပါတယ်။ အကြီးစား စစ်ရေးလေ့ကျင့်မှုတွေ မရှိပေမယ့် အဆင်သင့်ဖြစ်မှုကို ထိန်းထားဖို့ တခြားနည်းလမ်းတွေကို သူ့တပ်တွေက ရှာနေတယ်လို့လည်း ပြောပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ သဘောတူညီချက် အစိတ်အပိုင်းအဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အကြီးစား စစ်ရေးလေ့ကျင့်မှုတွေကို ဖျက်သိမ်းထားတာပါ။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကတော့ မြောက်ကိုရီးယား နယ်စပ်မှာရှိတဲ့ စစ်တပ်ကင်းမဲ့ဇုန်တလျှောက်က တပ်စခန်းတွေနဲ့ ပစ္စည်းကိရိယာတွေကို လျှော့ချဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ ဒါဟာ မြောက်ပိုင်း အိမ်နီးချင်းနဲ့ ယုံကြည်မှု တည်ဆောက်ရေးနဲ့ တင်းမာမှုလျှော့ချရေး အားထုတ်မှု အစိတ်အပိုင်းလို့လည်း ပြောပါတယ်။ ကိုရီးယားစစ်ပွဲရဲ့ အမွေအဖြစ် တောင်ကိုရီးယားနိုင်ငံထဲမှာ အမေရိကန်စစ်သည် ၂၈၅၀၀ တပ်ချထားတာပါ။ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံဟာ ၁၉၅၃ ကိုရီးယားစစ်ပွဲအပြီး အပစ်အခတ် ရပ်စဲခဲ့ပေမယ့် ငြိမ်းချမ်းရေးစာချုပ် မချုပ်ရသေးတာကြောင့် သဘောတရားအရ စစ်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up