မလေးရှားဝန်ကြီးချုပ် မဟာသီယာ တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

တရုတ်နဲ့ သဘောတူညီထားတဲ့ ပရောဂျက်တွေကို ပြန်လည်သုံးသပ်သွားမယ်လို့ ကြေညာထားတဲ့ မလေးရှားဝန်ကြီးချုပ် မဟာသီယာဟာ တရုတ်နိုင်ငံကို အလည်အပတ်ခရီး ရောက်ရှိနေပြီး  သြဂုတ် ၂ဝ ရက်နေ့က တရုတ်ဝန်ကြီးချုပ် လီခွတ်ချောင်ရဲ့ တရားဝင်ကြိုဆိုတဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ အသက် ၉၃ နှစ်အရွယ် တကျော့ပြန် မလေးရှားဝန်ကြီးချုပ် မဟာသီယာဟာ သြဂုတ် ၁၇ ရက်နေ့ကနေ စတင်ပြီး တရုတ်နိုင်ငံကို အလည်အပတ်ခရီး ရောက်ရှိနေတာ ဖြစ်ပါတယ်။ ၅ ရက်တာကြာမြင့်မယ့် မဟာသီယာရဲ့ တရုတ်ခရီးစဉ်မှာ တရုတ်ဝန်ကြီးချုပ် လီခွတ်ချောင်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်ဖို့ စီစဉ်ထားပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ မဟာသီယာဟာ တရုတ်နဲ့ အရင် နာဂျစ်အစိုးရလက်ထက်က သဘောတူညီခဲ့တဲ့ ငွေကြေးအကုန်အကျများမယ့် အခြေခံအဆောက်အဦ ဆောက်လုပ်ရေး လုပ်ငန်းတွေကို ပြန်လည်သုံးသပ်မယ်လို့ ကြေညာခဲ့အပြီးမှာ မလေးရှား-တရုတ် ဆက်ဆံရေး အဖုအထစ် ဖြစ်ခဲ့ပါတယ်။ တရုတ်က တည်ဆောက်နေတဲ့ မလေးရှားအရှေ့ဘက်နဲ့ အနောက်ဘက် ကမ်းရိုးတန်းကို ဆက်သွယ်ဖောက်လုပ်မယ့် အမေရိကန်ဒေါ်လာ ဘီလီယံ ၂ဝ ပမာဏရှိတဲ့ ရထားလမ်း ပရောဂျက်ကိုလည်း ရပ်ဆိုင်းလိုက်တယ်လို့ အခုနှစ် ဇူလိုင်လက ကြေညာခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up