Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်သူများလျှောက်ထားနိုင်
ပိုင်စိုး
·
August 20, 2018
12795335_1153911391286327_3562988841716337713_n
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမယ့်ကျောင်းသူကျောင်းသားတွေအနေနဲ့ လာမယ့် သြဂုတ် ၃၁ ရက်ကစပြီး ဝင်ခွင့်လျှောက်လွှာတွေ ဝယ်ယူနိုင်ပြီလို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ကြေညာပါတယ်။ ဘာသာတွဲအမှတ် ၁၊ ၅၊ ၆၊ ၇၊ ၈ အတွက် အစိမ်းရောင် ဝင်ခွင့်လျှောက်လွှာနဲ့ ကတ်ပြားပုံစံ၊ ဘာသာတွဲအမှတ် ၂၊ ၃၊ ၄ အတွက် ပန်းရောင် ဝင်ခွင့်လျှောက်လွှာနဲ့ ကတ်ပြားပုံစံ ခွဲခြားရောင်းချမှာ ဖြစ်ပါတယ်။ လျှောက်လွှာတစောင်ကို ၂၀၀ ကျပ်နဲ့ ရောင်းချမှာဖြစ်ပြီး စာမေးပွဲဝင်ကြေးကတော့ ၇၀၀ ကျပ်ဖြစ်ပါတယ်။ စာမေးပွဲကြေးအတွက်ကတော့ ငွေသွင်းတံဆိပ်ခေါင်းတွေကို လျှောက်လွှာရဲ့ လက်ဝဲဘက်ထိပ်ပိုင်းမှာ ကပ်ပေးရမှာပါ။ ပြင်ပဖြေဆိုမယ့်သူတွေကတော့ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးတွေကို သြဂုတ် ၃၁ ကနေ စက်တင်ဘာ ၂၈ ရက်အတွင်း လျှောက်လွှာတွေတင်သွင်းရမှာပါ။ အခြေခံပညာကျောင်းတွေနဲ့ ကိုယ်ပိုင်ကျောင်းတွေကတော့ ကျောင်းအုပ်ကြီးတွေက တဆင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကို ပေးပို့မှာ ဖြစ်ပါတယ်။ သတ်မှတ်တဲ့ရက်အမီ မတင်သွင်းသူတွေဟာ စာမေးပွဲဖြေခွင့်ရမှာ မဟုတ်သလို လျှောက်လွှာမှာပါတဲ့ ဘာသာတွဲကလွဲပြီး တခြားဘာသာတွဲကို ပြောင်းပြီး ဖြေခွင့်ရမှာ မဟုတ်ဘူးလို့လည်း ကြေညာထားပါတယ်။ လျှောက်လွှာပုံစံတွေနဲ့ ငွေသွင်းတံဆိပ်ခေါင်းတွေကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ရုံးချုပ်၊ ရုံးအမှတ် ၅၂၊ နေပြည်တော်၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (ဇွဲကပင်ဆောင်)၊ လှိုင်တက္ကသိုလ် နယ်မြေ၊ ရန်ကုန်နဲ့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ အမှတ် ၁၆၆၊ လသာလမ်း၊ ရန်ကုန်မြို့တို့မှာ ဝယ်ယူနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024