ကမ္ဘောဒီးယားမှာ ကူးစက်ရောဂါကြောင့် ကျောင်းတွေပိတ်
DVB
·
July 31, 2012
ကမ္ဘောဒီးယားနိုင်ငံမှာ ကျောင်းသားကျောင်းသူလေးတွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ကြိုးစားတဲ့ အနေနဲ့ နွေရာသီကျောင်းပိတ်ရက်တွေကိုတော့ ဒီနှစ်မှာ စောစောပဲ စတင်လိုက်ပါပြီ။ အစိုးရဟာ အကြီးအကျယ် ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါကို ဟန့်တားနိုင်မယ့်ဆောင်ရွက်ချက်တရပ်အဖြစ် သူငယ်တန်း ကျောင်းတွေနဲ့ မူလတန်းကျောင်းတွေအားလုံးကို ပိတ်ထားလိုက်ပါတယ်။ ဒီရောဂါကြောင့် တနိုင်ငံလုံးမှာ ခုထိ ကလေး၅၆ ယောက် သေဆုံးခဲ့ရပြီးပါပြီ။
အေးရှားကောလင်းသတင်းထောက် ခေါ်တီသ်ဟင်မ် (Khortieth)က ဖနွမ်းပင်ကနေ သတင်းပေးပို့ထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါပြီ။