စကော့တလန်တွင် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပေးရန် လူရာချီ တောင်းဆို

Hundreds of campaigners have attended a rally in Festival Square, Edinburgh as they stepped up demands for a public vote on the final Brexit deal. PRESS ASSOCIATION Photo. Picture date: Saturday August 18, 2018. See PA story POLITICS Brexit PeoplesVote . Photo credit should read: Hilary Duncanson/PA Wire
သြဂုတ်လ ၁၈ ရက်နေ့က စကော့တလန်နိုင်ငံ မြို့တော် အီဒင်ဘာရာမှာ ဘရဲဆစ်အတွက် ဒုတိယအကြိမ် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပေးဖို့ ရာနဲ့ချီတဲ့ပြည်သူတွေ  တောင်းဆိုခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ ဥရောပသမဂ္ဂအလံထီးတွေ ကိုင်မြှောက်ပြီး နောက်ဆုံး ဘရဲ ဆစ်သဘောတူ ညီချက်နဲ့ ပတ်သက်လို့ ဒုတိယအကြိမ် ဆန္ဒခံယူပွဲ ပြုလုပ်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့တာပါ။ ဇူလိုင်လ ၃၁ ရက်ကနေ သြဂုတ်လ ၇ ရက်အတွင်း ပြုလုပ်တဲ့ YouGov လူထုသဘောထားစစ်တမ်းမှာ ဆန္ဒမဲပေးသူ ၄၅ ရာခိုင်နှုန်းက ဆန္ဒခံယူပွဲ အသစ် ကျင်းပပေးဖို့ ထောက်ခံခဲ့ပြီး ၃၄ ရာခိုင်နှုန်းက ဆန့်ကျင်ခဲ့ပါတယ်။ ဘရဲဆစ်ထောက်ခံသူတွေကတော့ ဒုတိယအကြိမ် လူထုဆန္ဒခံယူပွဲဟာ ဗြိတိန်နိုင်ငံအတွင်း မရေရာတဲ့ အကျိုးဆက်တွေနဲ့ ကြီးမားတဲ့ ဖွဲစည်းပုံဆိုင်ရာ အကျပ်အတည်းကို ဖြစ်စေလိမ့်မယ်လို့ သတိပေးပြောကြား ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up