၁၈ ကြိမ်မြောက် အာရှ အားကစားပွဲတော်ဖွင့်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျာဂါတာမြို့မှာ မနေ့က ပြုလုပ်သွားပါတယ်။
အာရှအားကစားပွဲတော် ဖွင့်ပွဲကို အင်ဒိုနီးရှား သမ္မတ ဂျိုကို ၀ီဒိုဒို ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဒီပြိုင်ပွဲမှာ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံက ကျွန်းဆွယ်ပေါင်းစည်းရေး အလံနဲ့အတူ ပူးပေါင်း ယှဉ်ပြိုင်ခဲ့ပါတယ်။
ဖွင့်ပွဲမှာ မီးတောင်ပုံစံ ပြုလုပ်ထားတာကို ခြံရံပြီး ရိုးရာအ၀တ်အစား ဒီဇိုင်းမျိုးစုံ ၀တ်ဆင်ထားတဲ့ လူပေါင်း ၃၆၀၀ လောက်က ကပြဖျော်ဖြေခဲ့ပါတယ်။
အာရှအားကစားပွဲတော်ကို မြန်မာနိုင်ငံက အားကစားသမားတွေ စေလွှတ်ထားပြီး အားကစားနည်း ၈ မျိုးမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို နိုင်ငံပေါင်း ၄၅ နိုင်ငံက အားကစားသမားပေါင်း ၁ သောင်း ၃ထောင်လောက် ပါဝင်ယှဉ်ပြိုင်ကြမှာပါ။
အင်ဒိုနီးရှားက ကမ္ဘာပေါ်မှာ အကြီးဆုံး မွတ်စလင်နိုင်ငံဖြစ်တာကြောင့် လုံခြုံရေးကို တင်းကြပ်ထားပြီး ရဲနဲ့ စစ်တပ်အင်အား ၁ သိန်းလောက်အထိ ချထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။