Home
မြန်မာသတင်း
မုတ်သုံလေ အားအလွန်ကောင်းနေ၊ ရခိုင်နှင့်တနသာင်္ရီ ကမ်းရိုးတန်းတလျှောက် လှိုင်းကြီးမည်
DVB
·
August 19, 2018
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး တနင်္သာရီနဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက်မှာ လှိုင်းကြီးနိုင်တယ်လို့ မိုးဇလက ဒီနေ့မနက် ၁၀ နာရီခွဲက သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ မွန်းတည့်ကနေ နောက် ၂၄ နာရီအတွင်း ခန့်မှန်းချက်အရ ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက်မှာ နေရာအနှံ့အပြား မိုးရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်ပါတယ်။   ရေပြင်လေဟာ အနောက်(သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၁၅- ၂၀) မိုင်၊ တစ်ခါတစ်ရံ (၃၅) မိုင်မှ မိုင် (၄၀) အထိ တိုက်ခတ်နိုင်ပြီး လှိုင်းကြီးနိုင်တယ်၊ လှိုင်းအမြင့် ၈ ပေကနေ ၁၀ လောက်အထိ ရှိတယ်လို့ ဆိုပါတယ်။ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ နောက် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024