Home
မြန်မာသတင်း
ဝမ်းတွင်း ရွှေမုဌောဘုရားရေကန်ထဲ အဆိပ်ခတ်၊ ငါးများသေဆုံး
DVB
·
August 18, 2018
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့မှာ သြဂုတ် ၁၈ ရက်က အမှတ် ၃ ရပ်ကွက်ရှိ ရွှေမုဌောဘုရား ရေကန်ထဲ စိုက်ပျိုးရေးသုံး အဆိပ်ခတ်လိုက်တာကြောင့် ငါးတွေ သေဆုံးကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံ ဦးမြင့်ရှိန်က "ရေကန်ထဲကို အဆိပ်ခတ်လို့ ငါးတွေအများကြီး သေကုန်တယ်။ အခုထိတော့ ဆယ်ယူလို့ရတာ အကောင် ၄ဝဝ ကျော်ပြီ။ နောက်ထပ်လည်း ဆယ်နေတုန်းပဲ၊ လူမဆန်တဲ့ လုပ်ရပ်ပဲ" လို့ ပြောပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေမှူး ဦးအောင်ခန့်ကျော်က "အဆိပ်ပုလင်း တွေ့တယ် နားလည်တဲ့သူ မေးကြည့်တာတော့ စိုပ်ပျိုးရေးသုံး ပိုးသတ်ဆေးလို့ ခန့်မှန်းကြတယ်။ သုံးချိုး ၂ ချိုးလောက် ရေကန်ထဲ ထည့်သွားတယ်။ ပုလင်းထဲမှာ တချို့ကျန်သေးတယ်။ အခုတော့ ငါးအသေတွေ မြေမြှုပ်ဖို့ လုပ်နေရတယ်" လို့ ပြောပါတယ်။ စည်ပင်သာယာ ဒုဦးစီး ဦးဆန်းဝင်းက "ဒီနေ့က သဲတောဈေးနေ့ဆိုတော့ ဈေးကိုလာတဲ့ ငါးရောင်းသူ ၂၃ ယောက်ကျော်ကိုတော့ စစ်ဆေးထားတယ်။ အဆိပ်မိတဲ့ ငါးစားမိရင် အန္တရာယ်သိပ်ကြီးတာမို့ စနစ်တကျစစ်ဆေးနေတယ်" လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ်မှာ ၂ဝ၁၇ ခုနှစ်က ဘုရားစုကျေးရွာ သောက်သုံးရေတွင်းထဲ စိုက်ပျိုးရေးသုံးဆေး အဆိပ်ခတ်တာ ဖြစ်ခဲ့ပြီး အခုဘုရားနားက ရေကန်ထဲ အဆိပ်ခတ်တာက မြို့နယ်အတွင်း ဒုတိယအကြိမ် ဖြစ်တာပါ။ အခုသေဆုံးကုန်တဲ့ ငါးတွေဟာ အများပြည်သူ အန္တရာယ်ကင်းအောင် ကောင်ရေသက်စေ့ လာလွှတ်ထားကြတဲ့ ငါးတွေဖြစ်ပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024