Home
မြန်မာသတင်း
အထက်​မင်းလှတ​မြို့လုံးကို ​ကျောက်​စီ​မြေထိန်း နံရံများ တည်​​ဆောက်​​ပေးမည်
DVB
·
August 18, 2018
မ​ကွေးတိုင်း​ဒေသကြီး ဧရာဝတီမြစ်​ကမ်း​ဘေးရှိ အထက်​မင်းလှမြို့ တ​မြို့လုံးကို ​ကျောက်​စီ​မြေထိန်းနံရံတွေ တည်​​ဆောက်​​ပေးသွားမယ်​လို့ တိုင်း​ဒေသကြီး ​ရေအရင်းမြစ်​နှင့် မြစ်​​ချောင်းများ ဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာန ညွှန်​ကြား​ရေးမှူး ဦ​ဇော်​လွင်​ကက ပြောပါတယ်​။ "ဧရာဝတီ၊ ချင်းတွင်းမြစ်​​ပေါ်မှာရှိတဲ့ ဆိပ်​ကမ်းမြို့​တွေကို ဆိပ်​ကမ်းသာယာလှပ​ရေး၊ ကမ်းပြိုကာကွယ်​​ရေးလုပ်​ငန်း​တွေ​ အခိုင်​အမာ ​ဆောင်​ရွက်​​ပေး​နေပါတယ်​။ မင်းလှမြို့ ကမ်းပြိုကာကွယ်​​ရေးကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်​က စတင်​လုပ်​​ဆောင်​ခဲ့တာဖြစ်​တယ်​။ အထူးသဖြင့် ခံတပ်​ရဲ့ အထက်​​အောက်​၊ ​ရွှေဘုံးသာဘုရားက​နေ စလိုက်​တာ။ အရင်​တုန်းက​တော့ နည်းစနစ်​မရှိဘဲ မြို့ခံ​တွေရဲ့ စိုးရိမ်​မှုနဲ့လုပ်​ထားတာ​တွေရှိတယ်​။ အဲဒါ​တွေကို ဘိုးပိုင်​အ​ခြေပြု ​ကျောက်​စီနံရံ​တွေ ပြုလုပ်​​ပေး​တော့ ဘုရား အတွက်​လည်း စိတ်​ချရပြီ၊ ခံတပ်​ကလည်း အ​ထက်​​အောက်​ ကာဘာဖြစ်​သွားပြီ။ ၂ဝ၁၈-၂ဝ၁၉ မှာလည်း ပါတယ်​၊ ၂ဝ၁၉-၂ဝ၂ဝ မှာ မင်းလှတမြို့လုံးကို ​ကျောက်​စီနံရံ​တွေ ပတ်​နိုင်​​အောင် ​လုပ်​​ဆောင်​သွားမယ်​။ အရင်​တုန်းကဆို ဆိပ်​ကမ်းကို သွားမယ့်လူမရှိဘူး၊ ခုဆိုရင်​ ​လျှောက်​လမ်း​တွေ​ကော လုပ်​​ဆောင်​​ပေးထားတဲ့အတွက်​ မင်းလှဆိပ်​ကမ်း အများကြီး​ပြောင်းလဲသွားပါပြီ" လို့ ဒီဗွီဘီ ကို​ ပြောပါတယ်​။ မ​ကွေးတိုင်း​ဒေသကြီးအတွင်းမှာ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်​မှ အခုအထိ အစိုးရခွင့်ပြု​ငွေ ကျပ်​သန်း​ပေါင်း ၆ဝဝဝ ​ကျော်​လောက်နဲ့ ​ရေလမ်း​ကြောင်းထိန်းသိမ်း​ရေးနဲ့ ကမ်းပြို ကာကွယ်​​ရေးလုပ်​ငန်း​တွေ လုပ်​​ဆောင်​​နေတာလို့ တိုင်း​ဒေသကြီး ​ရေအရင်းအမြစ်နှင့် မြစ်​​ချောင်​များ ဖွံ့ဖြိုးတိုးတက်​​ရေး ဦးစီးဌာနက သိရပါတယ်​။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024